Part -20 ~ Painful Love

Start from the beginning
                                    

"ဟင် ရိပေါ် နိုးနေတာလားသက်သာရဲ့လား ''

" ကျွန်တော်ညကမှားသွားတဲ့အတွက်တောင်းပန်ပါတယ် ''

" ဘာ ''

" ညကကိစ္စကျွန်တော်မှားခဲ့ ''

" ထားလိုက်ပါတော့ ကျွန်တော်ပြန်လိုက်ဦးမယ် ''

သူရိပေါ်ဆီကဒီလိုအခြေနေမျိုးထိတော့ မမျှော်လင့်ခဲ့ပေမယ့် တကယ်တမ်းသူရင်ဆိုင်ရတော့ သူ့နှလုံးသားထဲကနာကျင်ရသည် သူလဲအင်္ကျီတွေ အမြန်ဝတ်ပြီး အခန်းထဲကထွက်သွားဖို့လုပ်လိုက်သည်။

ညကအခြေနေကြောင့် သူ့ခန္ခာကိုယ်ကနာနေပေမယ့်လဲ ရင်ဘတ်ထဲကနာကျင်ရတာနဲ့ယှဉ်ရင် ဘာမှစာမဖွဲ့လောက်တာမို့ ရှောင်ကျန့်ဟိုတယ်အပြင်ကို ပြေးထွက်လာပြီး taxi စီးကာအိမ်ကိုပြန်ခဲ့သည်။ အလိုက်မသိကျနေတဲ့မျက်ရည်တွေကတော့ဘာအတွက်လဲသူကိုယ်တိုင်ပင်မသိတော့ သေချာတာကတော့ ဝမ်ရိပေါ်ရဲ့စိမ်းကားမှုကြောင့်ဖြစ်လိမ့်မယ်ထင်သည် ။

ရိပေါ်ရှောင်ကျန့်ကိုပြောပြီးမှကိုယ်ဘာသာ
စိတ်မကောင်းဖြစ်မိသည် သူရှောင်ကျန့်ကိုမြင်ရတာ တကယ်ကိုပျော်သည် ဒါပေမယ့်လည်းကိုယ့်ကြောင့် သူနာကျင်နေရမယ်ဆိုတဲ့အသိနဲ့ဆုပ်ကိုင်ပေးရမှာထက် လွှတ်ပေးလိုက်မိသည် မချစ်လို့တော့မဟုတ်ဘူး မင်းနာကျင်နေရမှာစိုးလို့ ။

ရှောင်ကျန့်အိမ်ပြန်ရောက်တော့ ဧည့်ခန်းထဲမှာစောင့်နေတဲ့ Jeana ကအပြေးထွက်ကြိုသည် ။

"ကောတစ်ညလုံးဘယ်ပျောက်နေတာလဲ Jeanaမှာ လိုက်ရှာလိုက်ရတာကော အဆင်ပြေရဲ့လား ''

" အင်း ကောအဆင်ပြေတယ် ''
ရှောင်ကျန့်ကပြောပြီးအခန်းထဲဝင်ဖို့ တံခါးလက်ကိုင်ကိုကိုင်ပြီးမှ Jeanaဘက်ကို ပြန်လှည့်လာသည် ။

" Jeana ''

" ဟုတ်ကောပြောလေ ''

" မနေ့ကညကဝိုင်ခွက်ထဲဘာတွေထည့်လိုက်တာလဲ ''

" အဲ့ဒါလား အဲ့ဒါ Jeanaသောက်ရမယ့်ဆေးတွေပါဆို
ကောကလဲ ''

" Jeana ကောကိုအမှန်တိုင်းပြောရင်ကောင်းမယ်နော် ပြောJeanaကိုဘယ်သူခိုင်းတာလဲ ''

Hate is Love  { Complete }Where stories live. Discover now