17

3.7K 507 44
                                    

ရင်ခွင်ထဲကွေးအောင်အိပ်မောကျနေဆဲကောင်ငယ်လေးဟာ စောင်လွတ်နေတာကြောင့် ဖင်လုံးလေးတွေဟာပြောင်ပြောင်တင်းတင်းနဲ့။

ချစ်စနိုးဆွဲညှစ်မိတော့ အင့်ခနဲ ညည်းလို့ လုံးနေအောင်ထပ်ကွေးပြန်တယ်။

ပခုံးမှ စ ရင်ဘတ်၊ဝမ်းဗိုက်ပြင်တွေတလျှောက်နေရာမလပ်နီရဲနေတဲ့ ကိုက်ရာ တွေကပြန့်ကျဲလို့ပဲ။

ညီလာခံရှိတဲ့ချန်ယောလ်က ကောင်ငယ်လေးမနိုးစေအောင်အသာလေးထလို့ အဝတ်လွတ်နေတဲ့မိမိခန္ဓာကိုယ်ကိုအနီးရှိ ဝတ်ရုံတထည်လွှမ်းရတယ်။

ထို့နောက်ကောင်ငယ်လေးရဲ့နဖူးပြင်လေးကိုခပ်ဖွဖွငုံ့နမ်းရင်းပြုံးမိပြန်တယ်။

" သွားစရာရှိတာဖြင့်ကိုယ့်ဟာကို မြန်မြန်မကြွဘူး အိပ်နေတဲ့လူကိုလာညှောင့်နေတယ် လီးလိုမင်းကြီး"

မျက်လုံးမပွင့်ပဲခပ်တိုးတိုးဆဲရေးတဲ့ကောင်ငယ်လေးရဲ့မနက်ခင်းနှုတ်ခွန်းဆက်သံဟာကျယ်ကျယ်လောင်လောင်ပဲ။

ချစ်နေတော့လဲ ဒီလိုမိုက်ရိုင်းတာလေယကိုပဲအသဲတယားယားရှိနေပြန်ရော။

*******
တနေ့တနေ့နန်းတော်တရိုးသဝေထိုးအောင်မွှေတဲ့ဆယ်ဟွန်းက  ယနေ့လဲ ဘယ်လိုမွှေရင်ကောင်းမလဲတွေးရင်းငြိမ်နေပြန်တယ်။

ငြိမ်နေရင်လဲလန့်ရပြန်တဲ့ကြင်ယာတော်လေးကြောင့်အထိန်းတော်တွေကမျက်ခုံးတလှုပ်လှုပ်နဲ့။
အပါးတော်မြဲတွေကလဲ ခပ်ကြောက်ကြောက်နဲ့။

တစ်ခါဆက်ဆံဆယ်ခါလန်တဲ့မိမိတို့ကြင်ယာတော်လေးကြောင့်ကြင်ယာလေးဂျုံအင်ကလွဲ မည်သူကမျှအပေါင်းအသင်းမလုပ်ချင်ခပ်ရွံ့ရွံ့ဖြစ်နေတာက ဝမ်းနည်းဖွယ်ပါပဲ။

" အပျိုတော် အဆောင်ကိုသွားကြည့်ကြမလား "

အထိန်းတော်ကြီးဟာခုနကလေးတင် ကြင်ယာတော်လေး အတင်းကျွေးထားတဲ့ အချိုမုန့်ကိုဝါးလက်စမို့ ခုရကားကြောင့်နင်သွားရတယ်။

ဟိုတခါကပဲ ရေချိုးဆောင်ထုပ်တန်းပေါ်တက်ချောင်းလို့ နန်းတော်တခုလုံးရဲ့အတင်းအဖျင်းသဖွယ်ဖြစ်ခဲ့ရသေးတာမို့ မျက်နှာပျက်ခဲ့ရသေးတယ်မဟုတ်ပါလား။

နှာဘူးကြင်ယာတော် (နှာဘူးကြင်ယာတော်)Where stories live. Discover now