5

4.3K 516 53
                                    

ဘယ်လောက်ပဲအကသင်ရတာကို စိတ်ညစ်ပါတယ်ပြောပြော အသင်ပြကောင်းတဲ့အိုးကြီးကြီး အက ဆရာမကြောင့်ဆယ်ဟွန်း အတော်လေးတော့ကနိုင်လာတာပဲ။

မကြာခင် အမျိုးသားကြင်ယာတော်ရွေးပွဲကြီးက စတင်တော့မည်မို့ ကြင်ယာတော်ဂျွန်အပါအဝင် တာဝန်ရှိသူအချို့က ဆယ်ဟွန်းတို့ကိုပြာပြာသလဲ ဂရုစိုက်ကြလေသည်။

ယခုလဲ ရေချိုးဆပ်ပြာအဆီနှင့်အမွှေးအနံ့သာအချို့ကို ခွဲဝေးပေးနေလေသည်။

အရင်ကဆို ၂ရက်နေမှ တခါတောင်ရေပုံမှန်မချိုးခဲ့တဲ့ဆယ်ဟွန်းက ခုတော့နန်းတွင်းကသူအချို့ကောင်းမှုကြောင့်ရေပုံမှန်ချိုးရသည့်အပြင် အမွှေးနံ့သာတွေနှင့်ကြိုင်လှိုင်ကာနေ့စဉ်နှင့်အမျှ မွှေးမွှေးရေးရေးရှိလှသည်။

သေချာတာကတော့ဆယ်ဟွန်းက အရွေးမခံရမှာမို့ အိမ်ပြန်ပြီးအရင်လို ပျော်ပျော်ပါးပါး နဲ့ဘဝကြီးကိုဖြတ်သန်းဖို့အရမ်း မျှော်လင့်နေမိသည်။

အဖေက တော့ ဆယ်ဟွန်းကို တင်ပင်မကျွေးထားချင်တော့ပုံရတာမို့ပြန်ရောက်လျှင်တော့စီးပွားရေးတခုခုတော့လုပ်ပြမှဖြစ်မည်။

ဆောင်ကြာမြိုင်ဖွင့်ရင်ကောင်းမလားတွေးမိပေမဲ့
သေချာပေါက် အဖေက ဆယ်ဟွန်းကိုသတ်လိမ့်မည်။

အရာရှိစာမေးပွဲကတော့ဖြေလျှင်လဲအောင်မည်မဟုတ်တာမို့ ဘာလုပ်ရမှန်းမသိ။
စာပေလေ့လာရာတွင်ဥာဏ်နဲလွန်းသည့်ဆယ်ဟွန်းကခုကျက်ခုမေ့...
ဆရာတွေပင်လက်ဖျားခါလောက်သော ဥာဏ်ကြီးရှင်ပါပေ။
အဲ...
ဒါပေမဲ့ရုပ်ပြစာအုပ်တွေနဲ့ပက်သတ်လျှင်တော့ဆယ်ဟွန်းကမှတ်မိလွယ်သည်။
ဘယ်စာအုပ်တွင် ဘယ်နှစ်ခါဂျိမ်းတာကအစ အလွတ်ရသည်။

ပန်းချီသင်ပြီး ရုပ်ပြတွေလဲဆွဲချင်သေးသည်။

ဘာအလုပ်လုပ်မှမလုပ်ရပဲ
ဘဝကိုပျော်ပျော်ပါးပါး ရေလိုက်ငါးလိုက်လေးဖြတ်သန်းလို့ရရင်ကောင်းမှာပဲ...

....

ခန်းမကြီးထဲ အပြည့်ခင်းထားတဲ့ကောဇောနီနီရဲရဲတို့က နင်းရက်စရာပင်မရှိလောက်အောင်အိစက်နေသည်။

နှာဘူးကြင်ယာတော် (နှာဘူးကြင်ယာတော်)Where stories live. Discover now