2

4K 486 52
                                    

"အင့် "
ခနဲ ပစ်ကျလာတဲ့ကိုယ်လုံးလေးက ဘတ်ခ်ဟျွန်းရင်ခွင်ထဲလုံးလုံးလျားလျားပစ်ကျလာသည်။

ဘတ်ခ်ဟျွန်းနဲ့မတိမ်းမယိမ်းရှိမဲ့ခန္ဓာငယ်ဟာ ကြောက်ရွံ့နေဟန်တဆတ်ဆတ်တုန်လို့။

မော့ကြည့်လာသည့်မျက်ဝန်းညိုလေးတွေဟာ မိခင်နှင့်ကွဲလာသည့်ဝက်ဝံပေါက်လေးသဖွယ်။
ပျားရည်ရောင်ဝင်းနေတဲ့အသားရည်ထက်ချွေးတို့စိုလဲ့နေပုံက တမျိုးချစ်ဖို့ကောင်းသည်။
နီကျင်ကျင်ဆံပင်ဘုတ်သိုက်လေးတွေနွမ်းဖတ်ဖတ်အဝတ်အစားလေးတွေက ထိုခလေးငယ်အား အကျည်းမတန်စေခဲ့ပါ။
အသက်က အလွန်ဆုံးရှိလှ ၁၅ ၁၆ ပေါ့။

တည်တင်းနေတဲ့ ဘတ်ခ်ဟျွန်းမျက်နှာသွင်ပြင်ကြောင့် ခလေးငယ်ဟာပို၍ ကြောက်ရွံ့သွားဟန် မျက်ရည်ဥတွေတလိမ့်လိမ့်ကျလာသည်။

" လွှတ်...လွှတ်ပေး ဂျုံအင်နီး သွားပါရစေ"

ဖမ်းကိုင်ထားမိသည့် ဘတ်ခ်ဟျွန်း လက်ဖဝါးအစုံက ထိုခလေး လက်မောင်းတွေထက်ကမရွေ့လျားမိသေး။

" ဘာလို့ငိုနေရတာလဲ "

" ကြောက်လို့"

အနောက်သို့လှည့်ကြည့်လှည့်ကြည့်နှင့်ခလေးငယ်က တခုခုကို စိုးရွံ့နေဟန်။

ဘာရယ် မဟုတ်ပါဘဲ
မျက်ရည်စလေးတွေနဲ့ချစ်စဖွယ်မျက်နှာပိုင်ရှင်ကောင်လေး၏ အခက်ခဲကိုဖြေရှင်းပေးချင်လာသည်။

လက်ဖဝါးလေးကိုဆွဲယူဆုပ်ကိုင်ကာ ခေါ်လာပြန်တော့လဲ တအင့်အင့် ရှိုက်ငိုကာပါလာတဲ့ကောင်ငယ်လေးဟာငြင်းဆန်ခြင်းတော့မပြု။

စားသောက်ဆိုင်တခုကိုဝင်ထိုင်လို့ မုန့်ကျွေးပြန်တော့လဲ မစား။

" ကိုယ့်ကိုပြောပြချင်လား ဘာဖြစ်လာလဲ ဆိုတာ။"

ခုမှ တွေ့သည့်သူတယောက်အား ခလေးငယ်က မယုံသည်မှာဖြစ်သင့်သည်။

"ဂျုံအင့်မေမေ ...ဟင့်"

ငိုပြန်သည်။
ငိုလဲ လှနေတာက အခက်သား။

" ဂျုံအင့်မေမေ က အကြွေးမပေးနိုင်တော့ ဂျုံအင်က...ဂျုံအင်ကို"

ရှိုက်ငိုနေတာမို့စကားသံတို့ကပြတ်တိပြတ်တောင်း။

" သူဌေးမင်းချွဲကဆောင်ကြာမြိုင်မှာအလုပ်လုပ်ရင်း အကြွေးတွေပြန်ဆပ်ရမယ်တဲ့"

နှာဘူးကြင်ယာတော် (နှာဘူးကြင်ယာတော်)Where stories live. Discover now