11

4.2K 491 60
                                    

Warning this part will be included mature contect

I warned you, baby
So don't blame me
********************
ချိုမွှေးပြီး ထူးကဲလှတဲ့ဆန်အရက်အရသာက ပြင်းရှရှမို့တအိုးကုန်ပီးနောက် ဆယ်ဟွန်းလို အရက်ဂျိုးကိုတောင်ရီဝေဝေဖြစ်နေပြီ။

ငလူးမင်းကြီးနှင့်တကွ အမတ်တွေအပါအဝင်အကုန်လုံးကပျော်ပျော်ပါးပါးမို့ လေသာဆောင်ခန်းမအတွင်း စကားပြောသံရီမောသံအချို့ဖြင့်အနဲငယ်ဆူညံလေ့ရှိသည်။
ဆယ်ဟွန်းမှာ စကားပြောဖော်ကလဲ မရှိ ခန်းမတွင်းရှိ လူများမှာအဖေကလွဲ၍ကျန်သူအားလုံးဟာသူစိမ်းတရံတွေမို့ပျင်းလှပြီ၊
စကားပြောဖော်လေးရရန်ဂျုံအင်းနီးကိုရှာပေမဲ့ ဂျုံအင်းနီးဟာ အိမ်ရှေ့မင်းသားဘတ်ခ်ဟျွန်းရဲ့ရင်ခွင်တွင်း သိမ်းထုပ်ထားခံရသည့်အဖြစ်ကိုစိတ်မသက်သာစွာတွေ့လိုက်ရသည်။

ငလူးမင်းကြီး၏ ၂နှစ်အရွယ်အငယ်ဆုံးသားတော်လေးyuanဆိုသည်ကလဲ ပုလ္လင်ထက်ရှိငလူးမင်းကြီးရဲ့ပေါင်ပေါ်ထိုင်ရင်းမက်မွန်သီးခြောက်များကိုတမြုံ့မြုံ့ဝါးလျက်ရှိသည်။
သိရသလောက်တော့ ငလူးမင်းကြီးဟာ ကလေး၃ယောက် အရွယ်ဘိုးအေကြီးဖြစ်သည်။
ဘယ်ဆိုးလို့လဲ...
နန်းသက် ၇နှစ်အတွင်း သားတော်၂ပါးနှင့်သမီးတော်တပါးရထားသည်ဆိုတော့ငလူးမင်းကြီးရဲ့စွမ်းဆောင်ရည်ကိုအထင်သေးလို့မရ။

မိဖုရားကြီးနှင့်ရသည့်သားတော်အကြီးလေးက ၆နှစ်ဟူသည့်အရွယ်နှင့်မလိုက်အောင်တည်တည်ငြိမ်ငြိမ်ကလေး၊
၎နှစ်အရွယ်သမီးတော်လေးကတော့ အနောက်ဆောင်မိဖုရားနှင့်ရသည်ဟူ သိရသည်။

ငလူးမင်းကြီးနှင့်ချွတ်ပြီးစွပ်ထားသကဲ့သို့ တူလှသည့် yuanဆိုသည့်ကလေးငယ်လေးကတော့အကုန်လုံးထဲတွင်ချစ်စရာအကောင်းဆုံးဟုဆိုရမည်။
ထိုကလေးကတော့ဘယ်သူနဲ့ရမှန်းဆယ်ဟွန်းမသိသေးချေ။

ပွဲအတွင်းဆယ်ဟွန်းမျက်စိအ
ကျဆုံးကတော့ ဗေဒါရောင်ဝတ်ရုံ ဝတ်ထားသည့် ကိုယ်လုပ်တော် ယွီပင်ဖြစ်လေသည်။
တင်းရင်းနေတဲ့ ခန္ဓာကိုယ်ဟာ သူ့နေရာနှင့်သူအမို့အမောက်တို့နှင့်ပြည့်စုံလှသည်။

မျက်လုံးကိုမှေးလို့ မေးစေ့လေးပွတ်ကာ ငမ်းနေတော့ သူမ ထံမှ အလွန်ကိုရွံရှာနေသည့်အကြည့်စူးစူးတို့အားပြန်ရလေသည်။

နှာဘူးကြင်ယာတော် (နှာဘူးကြင်ယာတော်)Where stories live. Discover now