ကျွန်တော်က ကြိုးစားပြီး လှမ်းလာနေပြီမို့
ခင်ဗျားက ရပ်စောင့်ပေးနေမယ် မဟုတ်လား။
________________________________

ဒီရက်ပိုင်းအတွင်းမှာ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်
တစ်ယောက်က အစ်ကိုနဲ့ ရိပေါ်ရဲ့ဘဝထဲကို ဝင်လာခဲ့
တယ်။ အစ်ကို့ရဲ့ ညီဝမ်းကွဲ ဝမ်ကျိုးချန်တဲ့။ အစ်ကို့အပေါ် ဂရုစိုက်လွန်းတဲ့ ဝမ်ကျိုးချန်ကို ရိပေါ် သဘောမကျဘူး။ ကျိုးချန်ကို ယုံကြည်လွန်းတဲ့ အစ်ကို့ကိုလည်း
ရိပေါ် မကျေမနပ်ဖြစ်မိတယ်။ အစ်ကိုက ကျိုးချန်ကို ရိပေါ်ထပ်ပိုပြီး ခင်တွယ်သွားမှာကို မနာလိုဖြစ်မိတာမို့
ရိပေါ်နဲ့ ကျိုးချန် ခနခန ရန်ဖြစ်ရတယ်။

တကယ်တော့ ဝမ်ကျိုးချန် ​ရောက်လာတာက အဆိုးထဲက
အကောင်းလို့လည်း ​ပြောလို့်ရတယ်။ ကျိုးချန် ​ရောက်
လာကတည်းက အစ်ကို့အပြုံးတွေက အရင်ကထပ် ပို
ပြီး အသက်ဝင်လာတယ်။ အစ်ကိုပျော်နေဖို့ပဲ အရေး
ကြီးတာပါ။ ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် အစ်ကိုပြုံးနေမှ
ဖြစ်မှာ။

အစ်ကို့ကို အကြိုအပို့မလုပ်နိုင်တာ ကြာပြီဖြစ်တာမို့
ဒီနေ့တော့ ရိပေါ် အချိန်ရတုန်း အစ်ကို့ကို ကြိုဖို့ ထွက်လာခဲ့တယ်။ အစ်ကိုအလုပ်လုပ်တဲ့ ဆိုင်နားရောက်
တော့ လမ်းလယ်ခေါင်မှာ မလှုပ်မယှက် ရပ်နေတဲ့
အစ်ကို့ကို ​တွေ့လိုက်ရတယ်။

ရိပေါ် အစ်ကို့ကို လှမ်းခေါ်ဖို့ ပြင်လိုက်ပေမယ့် အစ်ကို့
အနောက်မှာ ရပ်နေတဲ့သူက အစ်ကို့နာမည်ကို ​အော်
ခေါ်လိုက်တဲ့ အသံကြောင့် ရိပေါ် ထိုလူကို ​သေချာစိုက်
ကြည့်နေမိတယ်။
ထိုလူစိမ်းက အစ်ကို့နာမည်ကို ​ခေါ်ရင်း ​ခြေလှမ်းတွေကလည်း အစ်ကို့ဆီကို ဦးတည်လို့။ အစ်ကိုကလည်း
လှည့်မကြည့်တဲ့အပြင် ​နေရာမှာတင် မလှုပ်မယှက်။
လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ အစ်ကို့ရဲ့
မျက်နှာမှာ ​ကြောက်လန့်နေတဲ့ အရိပ်အယောင်တွေ
တွေ့နေရတယ်။ ဒီလူနဲ့ အစ်ကိုက ဘာများပတ်သတ်လို့
အစ်ကိုက ဒီလောက် ​ကြောက်နေရတာလဲ။ ဒီလူက အစ်ကို့ကို အန္တရာယ်ပေးမယ့် သူများလား။

"အစ်ကို...."

ရိပေါ် အစ်ကို့ကို လှမ်းခေါ်လိုက်ပြီး အနားကို လှမ်းသွား
လိုက်တယ်။ ရိပေါ်ရဲ့ အသံကိုကြားမှ အစ်ကိုက စိတ်သက်သာရာ ရသွားသလို။

Imaginary You(Completed)Where stories live. Discover now