"အရှင်သခင်ကတကယ်ကိုနောက်တတ်တာပဲ...."

ကျီရွှမ်းရဲ့စကားကိုကြားတော့ ရိပေါ်လှောင်ပြုံးပြုံးလိုက်သည်။ဒါကိုကျီရွှမ်းကတော့မမြင်လိုက်။သူနောက်နေတာမှမဟုတ်တာ။သူကတကယ်အတည်ပြောနေတာ။ကျီရွှမ်းက ခွင့်ပြုပြုမပြုပြုသူဂရုမစိုက်ဘူး။သူပိုင်တဲ့အရာကို သူပြန်ယူမှာ။ကျီရွှမ်းက သူ့အပိုင်ကိုခနထိန်းသိမ်းပေးထားတဲ့လူသပ်သပ်ပဲ။အချိန်တန်ရင် သူထိန်းသိမ်းထားတဲ့အရာကို ပိုင်ရှင်ဖြစ်တဲ့ရိပေါ်ဆီကို ကျိန်းသေပြန်ပေးရမှာပဲ။

ရိပေါ်ရဲ့တည်တံ့နေတဲ့ရုပ်ကိုကြည့်တာနဲ့တင် နောက်နေတာမဟုတ်မှန်း ကျီရွှမ်းကျိန်းသေသိသည်။ဒါပေမယ့်လည်း သူ့ဒေါသကိုအခုချိန်မှာထုတ်ဖော်ပြလို့မဖြစ်ပေ။ရန်နိုင်ငံရဲ့အရှင်သခင်ဆိုတာ သူသွားမထိသင့်တဲ့ အန္တရာယ်ရှိတဲ့လူတစ်ယောက်။ဒါကြောင့်မို့ ဒီလူနဲ့ထိပ်တိုက်မတွေ့တာကသာ အကောင်းဆုံးဖြစ်သည်။နောက်သလိုပြောင်သလိုနှင့် ကျီရွှမ်းစကားလွှဲလိုက်သည်။ကျီရွှမ်းရဲ့အကြံအစည် အောင်မြင်သည်ဟုပြောရမည်။အရှင်သခင်က ရှောင်းကျန့်နဲ့ပတ်သက်ပြီးစကားထပ်မစတော့ပေ။

"ကျွန်တော်ကြားတာတော့ အရှင်သခင့်မှာလက်တွဲဖော်မရှိသေးဘူးဆို။ကျွန်တော်တို့တိုင်းပြည်မှာ အရှင်သခင်နဲ့လိုက်ဖက်မယ့်အလှလေးတွေ အများကြီးရှိပါတယ်။တကယ်လို့အရှင်သခင် သဘောကျမယ်ဆိုရင် ကျွန်တော်လက်ဆောင်ပေးလို့ရပါတယ်...."

စကားလမ်းကြောင်းလွှဲကာ အလှလေးတွေကိုလက်ဆောင်ပေးမည်ဟုပြောလာသော ကျီရွှမ်းကိုရိပေါ်ဘာမှပြန်မပြောမိ။လက်ထဲက လက်ဖက်ရည်ကြမ်းခွက်ကိုချကာ ပြောလိုက်သည်။

"မင်းကြီးရဲ့စေတနာအတွက် ကျေးဇူးတင်ပါတယ်။ကျွန်တော့်မှာ လက်တွဲဖော်မရှိဘူးဆိုတာကို မင်းကြီးကိုဘယ်သူကပြောလိုက်တာလဲ။ကျွန်တော့်ရဲ့ မိဖုရားနေရာအတွက် လက်တွဲဖော်ကရှိပြီးသားပါ။ဒါကြောင့် မင်းကြီးအလုပ်ရှုပ်မခံပါနဲ့တော့။တခြားပြောစရာမရှိတော့ဘူးဆိုရင် ကျွန်တော့်ကိုသွားခွင့်ပြုပါအုံး....."

ရိပေါ်ရဲ့စကားကို သဘောတူသည့်အနေနှင့် ကျီရွှမ်းခေါင်းသာငြှိမ့်ပြလိုက်သည်။အခန်းထဲကနေရိပေါ်ထွက်သွားတာနဲ့ ကျီရွှမ်းရဲ့မျက်နှာဟာချက်ချင်းပင် ခက်ထန်လို့သွားသည်။ဘေးနားကအထိန်းတော်ချောင်ကို ကျီရွှမ်းပြောလိုက်သည်။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Kde žijí příběhy. Začni objevovat