သူတို့ရှေ့ကလူက သဘောကျသလိုတစ်ချက်ရယ်သည်။ပြီးတာနဲ့ထိုလူက သူ့မေးခွန်းကိုပြန်ဖြေသည်။

"ကျွန်တော်ကြားတာ လူကြီးမင်းတို့က သိုင်းပညာဖျက်ဆီးတဲ့အစီအရင်မှာ တစ်ဖက်ကမ်းခတ်တတ်ကျွမ်းတယ်ဆို။ကျွန်တော်ကလူကြီးမင်းတို့ကို တောင်းဆိုစရာလေးရှိလို့ပါ...."

သူတို့ရှေ့ကလူရဲ့စကားကြောင့် သူတို့တွေသက်ပြင်းချလိုက်သည်။အဲ့တော့သူတို့ကိုဖမ်းဖို့မဟုတ်ဘဲတောင်းဆိုစရာရှိလို့ ဒီကိုခေါ်လာတာပေါ့လေ။

"ဒီကလူကြီးမင်း.....တောင်းဆိုချင်တာကဘာများလဲ...."

သူတို့စကားကြောင့်ထိုလူက တစ်ချက်ပြုံးသည်။

"မလောပါနဲ့....ပြီးတာနဲ့ကျွန်တော်တောင်းဆိုချင်တာကို ဖြည်းဖြည်းချင်းပြောပြပါ့မယ်။အခုတော့ကျွန်တော်လူကြီးမင်းတို့ကို ဧည့်ခံချင်လို့ပါ...."

ထိုလူရဲ့စကားဆုံးတာနဲ့ တန်ဖိုးကြီးလှတဲ့အစားအသောက်များစွာကို သယ်ဆောင်လာတဲ့အစေခံတွေဟာဝင်ရောက်လာကြတယ်။အစေခံတွေဟာ များပြားလှတဲ့အစားအသောက်တွေကိုစားပွဲပေါ်တင်ပေးကာ အခန်းထဲကပြန်ထွက်သွားကြတယ်။သူတို့ရှေ့ကလူဟာ သူတို့ကိုခုံပေါ်ထိုင်စေပြီး အစားအသောက်တွေကိုစားစေတယ်။

"ဒါကကျွန်တော့်ရဲ့ စေတနာတွေပါ။အားမနာဘဲစားကြနော်...."

အစားအသောက်တွေဟာ တကယ်ကိုအရသာရှိပေမယ့်လည်း သူတို့ရှေ့မှာရှိနေတဲ့လူဆီကထွက်နေတဲ့ အရှိန်အဝါကြောင့် သူတို့ဖြောင့်ဖြောင့်မစားရဲပေ။ဟိုတို့ဒီတို့နဲ့ အနည်းငယ်စားပြီးတဲ့နောက်မှာတော့ သူတို့စားတာကိုရပ်လိုက်ကြတယ်။သူတို့ကိုကြည့်ကာ ထိုလူကမေးလာသည်။

"စားလို့ပြီးသွားကြပြီလားဗျ...."

"ဟုတ်ကဲ့....စားပြီးပါပြီ။အခုလိုအရသာရှိတဲ့အစားအသောက်တွေနဲ့ တည်ခင်းဧည့်ခံတဲ့အတွက် ကျေးဇူးတင်ပါတယ်...လူကြီးမင်း...။ဆိုတော့က....အခုလူကြီးမင်းတောင်းဆိုချင်တာကဘာများလဲ။ကျွန်တော်တို့ကို တစ်စုံတစ်ယောက်ရဲ့သိုင်းပညာတွေကိုဖျက်ဆီးစေချင်လို့လား...."

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now