Part -18 ~ Greedy Love

Start from the beginning
                                    

ရိပေါ်ခပ်မဲ့မဲ့အပြုံးတစ်ချက်ပြုံးလိုက်သည်။

' မင်းအတွက်သူကအဲ့လောက်တောင်ပဲ အရေးပါတာလား မင်းနေမကောင်းတဲ့ကြားကတောင် သူအတွက်ပဲစိုးရိမ်ပေးနေတာလား '

" ကျွန်တော်ကိုယ်တိုင်လိုက်ပို့ပါ့မယ် ''

" မလုပ်နဲ့ အာ ကျွန်တော်ပြောချင်တာက သူဌေးဝမ်အလုပ်ရှုပ်နေမှာစိုးလို့ပါ ''

' ရိပေါ်တောင်းပန်ပါတယ် ခဏပဲခဏလေးပဲ သည်းခံပါ ကျန့် ပြန်လာမှာပါ '

အဲ့နေ့ကတစ်နေ့လုံးဆေးရုံမှာ ရိပေါ်ကရှောင်ကျန့်နားမှာပဲ နေပေးခဲ့သည် ရှောင်ကျန့်အတွက်လည်း သူ့ကိုယ်တိုင်မဖွင့်ပြောလိုက်ရပေမယ့် သူ့ရဲ့စိတ်ထဲ ပျော်နေတာကတော့ငြင်းမရခဲ့ ။

မနက်မိုးလင်းလင်းချင်း ရိပေါ်ဆီကကားတိုက် ပြေးသွားတဲ့လူကိုထိန်းသိမ်းထားတဲ့ရဲစခန်းကို ထွက်လာခဲ့သည် ။

" မနေ့က ဝမ်ကုမ္ပဏီနားမှာဖြစ်သွားတဲ့ ယာဉ်တိုက်မှုမှာ ကားတိုက်ပြေးသွားတဲ့ လူနဲ့တွေ့ချင်လို့ပါ ''

"တရားလိုဘက်ကလားမသိဘူး''

"ဟုတ်တယ် ကျွန်တော့်ညီမကိုတိုက်သွားတာ အဲ့ကောင်ကိုခေါ်ပေးပါ ''

ရဲမှူးကတိုက်ပြေးသွားတဲ့ သူကိုခေါ်ထုတ်လာပြီး အကြောင်းဖြစ်စဉ်ကိုမေးဖို့လုပ်သည် ရှောင်ကျန့်က ထိုလူရဲ့ကော်လံကိုဆွဲလိုက်သည်။

" မင်းကိုဘယ်သူခိုင်းတာလဲ ဘယ်သူခိုင်းတာလဲလို့ Stella မလား ''

"မင်းဘာတွေပြောနေတာ ငါတိုက်တာလေမမြင်ဘူးလား''

"မင်းတိုက်ခဲ့တဲ့သူကဘယ်သူမှန်းမသိဘူးမလား ကောင်းပြီလေ မင်းကထောင်ထဲမှာပဲနေချင်တယ် ဆိုတော့လည်း တစ်သက်လုံးထောင်ထဲမှာပဲ အရိုးဆွေးပြီးနေရအောင်လုပ်ပေးလိုက်မယ် မင်းကိုခိုင်းတဲ့ Stella ဆိုတာဘာပိုင်ဆိုင်မှုမရှိတဲ့ သူဆိုတာမသိဘူးလား အေးလေ မင်းကအရိုးဆွေးပြီးနေချင်တယ်ဆိုလဲသဘောလေ ''

ရှောင်ကျန့်ကထိုသူရဲ့နား အနားကပ်ပြီးတိုးတိုးလေး ပြောလိုက်သည် ထိုလူ,တွေဝေသွားတာကို တစ်ချက်ကြည့်ပြီး ရှောင်ကျန့်ကြိတ်ပြုံးလိုက်သည် ။

Hate is Love  { Complete }Where stories live. Discover now