"ချစ်တယ် Sooyaaa"

Start from the beginning
                                    

"Wae...ထူးထူးဆန်းဆန်း..."

"ငါမေးတာပဲဖြေစမ်းပါ..."

"သူက ဘာဝတ်ဝတ်လှတယ် Ommaရဲ့
ရုပ်ကလေးကလဲ မင်းသမီးတွေထက်တောင်ချောတော့
သူဘာဝတ်ဝတ် ကြည့်ကောင်းနေရောပဲ"

Omma က အဝတ်အစားတစ်ချို့ ကြည့်နေတာကိုရပ်လိုက်ပြီး
ခြေလှမ်းတွေကိုလဲ ရပ်လိုက်ရင်း
တော်တော်ဖြစ်နေတာပဲ ဆိုတဲ့အကြည့်နဲ့ ကြည့်နေတော့သည်။

"နင်က တော်တော်ဖြစ်နေတာပဲ
သူချောတာငါသိတယ်...
ဘာတွေကြိုက်တတ်တာလဲလို့ "

"HeHe....မဟုတ်မှ သူ့အတွက် အဝတ်အစား
ဝယ်ပေးမလို့လား....
Omma...သမီးတို့ကို လက်ခံပေးတာလား "

"ကဲ....နင်မဖြေရင် မဝယ်တော့ဘူးဟေ့..."

"ဖြေမယ် ဖြေမယ်...
Omma....တစ်ကယ်လား...တစ်ကယ်ကြီးလားလို့"

"Yrrr...."

Jennie. ..Omma ရဲ့ လက်မောင်းကိုတွဲလိုက်ရင်း
တစ်လောကလုံးမှာ အပျော်ဆုံးလူသားတစ်ယောက်
ဖြစ်နေသလို အပြုံးမျိုးနဲ့ သူ့အကြိုက်တွေကို
ဖြေနေခဲ့လိုက်သည်။

"Omma...သိလား "

"Molla...."

"Omma...သူကလေ ရုပ်ကလေးကသာ
မင်းသမီးရှုံးအောင်ချောတာ
သူကြိုက်တဲ့ အဝတ်အစားတွေက ယောကျာ်းဆန်တယ်
အိမ်နေရင်းဆို T shirt နဲ့ ဘောင်းဘီအပွတွေပဲ
ဝတ်ရတာကြိုက်တာတဲ့....
Adidas ကထုတ်တာတွေကြိုက်တယ်....
ပြီးတော့....blah...blah...blah..."

Jennie ရဲ့ မပြီးဆုံးနိုင်တဲ့ JiSoo ချီးမွမ်းခန်းတွေကို
Jennie 's Omma တစ်ယောက် နားပူအောင်
နားထောင်ပေးရင်း သမီးဖြစ်သူကို
ပြုံးကြည့်နေလိုက်သည်။

"Jennie. ..ya....နင်သူ့ကိုအဲ့လောက်တောင်ပဲ ချစ်သလား..."

တစ်ခါမှမမြင်ဘူးတဲ့ တောက်ပတဲ့ မျက်ဝန်းလေးတွေကို
သမီးဖြစ်သူထံမှာ မြင်နေရတာကြောင့်
မိမိရဲ့ တင်းထားတဲ့ စိတ်တို့ကို လျှော့ချမိလိုက်တော့သည်။

"နောက်ရက် ညစာအတူစားရအောင်
သူ့ကို အိမ်ခေါ်လာခဲ့...."

"Omma....တစ်ကယ်ကြီးလား
တစ်ကယ်လက်ခံပေးမှာလား...."

ခေါင်းညိမ့်ပြလိုက်ချင်ပေမဲ့....
ရောင့်တက်မှာ စိုးတာကြောင့်....

GASHINA (Completed )Where stories live. Discover now