"သားကဝိတ်လျော့နေတာလေ သားလစ်မစ်နဲ့သားစားတာ အခုကိုကိုကသားပေါက်စီကိုတစ်ကိုက်ယူစားတော့သားကမဝရော မဝရင်နောက်တစ်လုံးထပ်ယူပြီးတစ်ကိုက်ထပ်စားရော သားကိုက်ပြီးသားကျန်ခဲ့တဲ့ပေါက်စီက သမြောစရာကြီးကျန်နေခဲ့မှာလေ အစားအစာဆိုတာအလေအလွင့်မရှိရဘူးတဲ့ အဲ့တော့သားကနှမြောပြီးထပ်စားမိ အဲ့မှာသားဝိတ်ကကျတော့မှာတဲ့လား ကိုကိုရဲ့"

ယူစားမိလိုက်တဲ့ပေါက်စီလေးတစ်ကိုက်က အခုထိအူမကြီးဆီတောင်မရောက်နိုင် ပြန်ပဲအန်ထုပ်ပေးရမလို ပိကျီ့ရဲ့ ဝိတ်ချမည်ဟုကြွေးကြော်ပြီးနှင့်အစားနှင့်ပါးစပ်မပြတ်ပုံများ သင်ခန်းစာရဲ့ပို့ချမှု့အောက်မှာ တိမ်လွှာတစ်ယောက်မျက်ရည်တောင်ဝဲချင်လာသည်။

ဖေငယ်ငှဲ့ပေးထားသည့်ကော်ဖီကိုအမြန်သောက်ချလိုက်ရသည်အထိ ပိကျီ့ကတော့ အခဲမကျေသည့်နှယ်။ပြောလို့မောသွားသည်ထင် နွားနို့ကိုသောက်နေလေရဲ့။

ဝက်ပေါက်လေး အမြင်ကပ်ကပ်နဲ့ ဖေတို့အရှေ့ပိတ်နမ်းလိုက်ရ မကောင်းရှိရော့မယ်။

"ကျွန်တော် ဒီနေ့ ပဲခူးဘက်ကိုသွားရမယ် "

"ဟင်...သားလည်းမသိပါလား ကိုကို"

"အင်း မနက်ကမှ သွားဖို့အကြောင်းပေါ်လာတာကလေးရဲ့ ၂ရက်လောက်ပါပဲ "

"၂ရက်ပဲမလားကိုကို...၂ရက်ပြည့်တာနဲ့ပြန်လာမယ်မလားဟင် "

"အင်းပေါ့ ပိကျီ့ရဲ့ အလုပ်ကိစ္စတွေပြီးတာနဲ့တန်းပြန်လာမှာ ဒီ၂ရက်အတွင်းတော့ ဖေကြီးကိုပဲကျောင်းလိုက်ပို့ခိုင်းနော်"

"ဖေကြီးလိုက်ပို့လိုက်မယ် သားပဲခရီးကိုဂရုစိုက်သွားနော်.."

တိမ်လွှာသည်ဖေကြီးကိုပြန်ဖြေပြီး ပိကျီ့ကိုကြည့်လိုက်တော့ ဝက်ပေါက်ကမျက်နှာမကောင်း။ခါတိုင်းခရီးသွားရင် ပိကျီ့ကဒီလိုမဟုတ်ပါဘူး။ဒီကလေးအခုထိစိတ်ကောက်နေတုန်းလားလေ။ကျောင်းသို့လိုက်ပို့ပေးသည့် လမ်းတစ်လျောက်လုံးလည်းစကားမပြော။တိမ်လွှာတကယ်မနေတတ်တော့ပါ။ပိကျီ့ငြိမ်နေရင် သူဘာမှအာရုံစိုက်မရတော့။

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Where stories live. Discover now