မိခင်ပျောက်ဆုံးသွားသည့်အတွက် မွေးဖွားတာရက်ပိုင်းမျှသာရှိသေးသောမင်းသားလေးကိုကြင်ယာတော်ရှောင်းကျန့်က မွေးစားခဲ့ရသည်။ထို့ကြောင့်ကြင်ယာတော်ရှောင်းကျန့်ကမင်းသားလေး၏မိခင်အဖြစ်သို့ရောက်ရှိသွားတော့သည်။ထိုကိစ္စက "ထီးနန်းဆက်ခံရန်အတွက်မျိုးဆက်မွေးဖွားဖို့လိုအပ်သည်"ဟူသောစကားကိုအမြဲလျှောက်တင်နေတဲ့ အမတ်တွေရဲ့ပါးစပ်ပေါက်ကိုပိတ်သွားစေခဲ့သည်။

တစ်ဖက်တွင်လည်း မင်းသားတစ်ယွင်ကျောက်ဟာ မိဖုရားလွီ၏အကူအညီအထောက်အပံ့ဖြင့်ကိုယ်ပိုင်စစ်တပ်ကိုတည်ထောင်သည်။ရန်သူများကို‌ ရှေ့တန်းကနေ၍တိုက်ထုတ်မည်ဟုဆိုကာသူ၏အချိန်များကို နန်းတော်နှင့်ဝေးရာနယ်စပ်ဒေသများတွင်သာကုန်ဆုံးစေခဲ့သည်။

နယ်စပ်ဒေသတွေကိုကာကွယ်ပေးသည့်ပုံစံနှင့် သူ့ရဲ့ကိုယ်ပိုင်စစ်တပ်ကို ကိုယ်တိုင်ကြီးကျပ်ကာလေ့ကျင့်သင်ကြားပေးသည်။သူ့အတွက်နန်းတော်နှင့်ဝေးလေ ကောင်းလေပင်ဖြစ်သည်။ဒါမှသာသူ့ရဲ့အကြံတွေကိုဘယ်သူမှမရိပ်မိမှာဖြစ်သည်။

သူ့ရဲ့တပ်သားတွေကို လေ့ကျင့်ပေးပြီးတာနှင့်ယွင်ကျောက်သူ့အတွက် ပြုလုပ်ပေးထားသောရွက်ဖျင်တဲ့ထဲသို့ ပြန်လာခဲ့သည်။ရွက်ဖျင်တဲထဲသို့ရောက်သောအခါ သူ့ရဲ့ခေါင်းအုံးဘေးမှာထားထားတဲ့ စာလိပ်လေးကိုယူလိုက်သည်။စာလိပ်လေးကိုဖွင့်လိုက်တော့ ထွက်ပေါ်လာသည်ကပန်းချီကားလေးတစ်ခု။အတိအကျပြောရရင်တော့ သူ့ညီတော်ရဲ့ကြင်ယာတော်ဖြစ်သည့် ရှောင်းကျန့်ရဲ့ပုံတူပန်းချီလေးဖြစ်သည်။

ယွင်ကျောက်ပန်းချီထဲက အလှကြီးလှနေသောမျက်နှာလေးကို သူ့ရဲ့လက်နှင့်ထိတွေ့လိုက်သည်။သူ့ရဲ့နှုတ်ခမ်းထက်မှာကတော့ အပြုံးတစ်ပွင့်ကိုချိတ်ဆွဲလျက်....။

"ခနလေးပဲစောင့်ပါ....မင်းကကိုယ့်အပိုင်ဖြစ်လာတော့မှာ....."

________________________________________

စိမ်းလန်းနေတဲ့သစ်ပင်တွေရဲ့အလယ်မှာတော့ အဖြူရောင်ပုံရိပ်လေးတစ်ခုဟာ ပန်းချီကားတစ်ချပ်ကိုကြိုးစားပန်းစားဆွဲလို့နေသည်။နူးညံ့ပြီးဖြောင့်စင်းနေတဲ့ဆံနွယ်လေးတွေနဲ့ ဆွဲဖက်ပစ်ချင်စရာခပ်သေးသေးခါးလေး...။ထိုလူသားရဲ့နောက်ကျောအလှလေးကပင် လူတစ်ယောက်ကိုရူးသွပ်အောင်ပြုစားနိုင်သည်။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now