အပိုင်း - ၂၈ (Zawgyi + Unicode)

Mulai dari awal
                                    

" မက်သာဒုန်း ဆေးရည် ဆိုတာ ဘာလဲဟင် "

" မူးယစ်ဆေးစွဲနေတဲ့သူတွေကို မူးယစ်ဆေးအစားထိုး တိုက်တဲ့ဆေးရည်ပေါ့ ၊ မူးယစ်ဆေးစွဲနေတဲ့လူတွေက တစ်နေ့တစ်နေ့ မူးယစ်ဆေးမှမသုံးရရင် သူတို့ခန္ဓာကိုယ်က ယင်းထလာပြီး ဘာမှမလုပ်နိုင်ကြတော့ဘူး ၊ အဲ့တော့ မူးယစ်ဆေးကို မဖြစ်မနေသုံးကြတယ်.....

သူတို့အလုပ်လုပ်ပြီးရှာလို့ရသမျှငွေတွေကလည်း မူးယစ်ဆေးသုံးဖို့အတွက်ကုန်တာပဲပေါ့ ၊ ကြာတော့ သူတို့ဘဝတွေက မူးယစ်ဆေးသုံးဖို့အတွက် ငွေရှာရသလိုဖြစ်လာပြီး လူဖြစ်ရှုံးလာကြတယ်.....

အဲ့လိုလူတွေအတွက် ဆေးရုံတွေကနေ နေ့စဉ် မက်သာဒုန်းဆေးရည်ကို အလကားဝေပေးတယ် ၊ အဲ့ဒီဆေးရည်က မူးယစ်ဆေးအစားထိုးဆေးရည်ဖြစ်တဲ့အတွက် အဲ့ဒါသောက်ထားရင် ယင်းထတာတွေ ဘာတွေမဖြစ်ဘဲ တစ်နေ့လုံးလူကောင်းတစ်ယောက်လို အလုပ်လုပ်နိုင်တယ်.....

ဆေးရုံရက်ရှည်တက်ပြီး မူးယစ်ဆေးဖြတ်လိုက်ရင်တော့ ဒီဆေးရည်သောက်စရာမလိုတော့ဘူးပေါ့ကွာ ၊ အဲ့လို ဆေးရုံတက်ပြီးမဖြတ်ချင်တဲ့ သူတွေကတော့ ဒီမက်သာဒုန်းဆေးရည်ကိုပဲ အားကိုးနေကြရတာပေါ့ "

" ကျွန်တော် ဒီအကြောင်းအရာတွေကို ခုမှကြားဖူးတာ "

" အင်းပေါ့ ၊ မင်းက ဒီလိုအကြောင်းအရာ, ဒီလိုကိစ္စတွေနဲ့ ရင်းနှီးတာမှမဟုတ်တာ ၊ ငါက...ငါကသာ..... "

" ဒါတွေက ဦးသာအပြစ်မှမဟုတ်ဘဲ ၊ ဦးသာရွေးချယ်ခဲ့တာလည်း မဟုတ်ဘူးလေ ၊ အဲ့ဒါကြောင့် ခုလိုကြီး ကိုယ့်ကိုယ်ကို အပြစ်သားတစ်ယောက်လို မခံယူပါနဲ့ ဦးသာရယ် နော် "

ဦးသာက ချမ်းအား ပြုံးပြသည် ။ ဦးသာရဲ့အပြုံးဆိုတာမျိုးက ရှားပါးလှတာမို့ အမြဲတောင့်တခဲ့ရပေမယ့် ချမ်းမြင်ချင်တာ ချမ်းမက်မောတာ ဒီလို နာကျင်နေတဲ့ အပြုံးမျိုးတော့ မဟုတ်ဘူးလေ ဦးသာရယ် ။

" အပြစ်သားတစ်ယောက်လို ခံယူတာမျိုးတော့ မဟုတ်ဘူးပေါ့ ချမ်းရယ် ၊ ဒါပေမယ့်လည်း ဒီအဖေရဲ့သားတစ်ယောက်အနေနဲ့ ငါ့မှာ ပေးဆပ်ဖို့တာဝန်ရှိတယ်လို့ ခံစားရတယ် ၊ ပါပါးရှာခဲ့သမျှတွေကို လိုအပ်နေတဲ့နေရာတွေမှာ ထိထိရောက်ရောက်သုံးစွဲပေးလိုက်လို့ ရလာမယ့် ကုသိုလ်ကောင်းမှုတွေက ပါပါးရဲ့သံသရာခရီးအတွက် နည်းနည်းလောက်ပဲဖြစ်ဖြစ် အထောက်အပံ့ဖြစ်စေနိုင်ဖို့လည်း ရည်ရွယ်ပါတယ် "

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Tempat cerita menjadi hidup. Temukan sekarang