Part -10 ~ Reasons for problem

Start from the beginning
                                    

ပတ်ဝန်းကျင်ရဲ့တံတွေးအောက်ထဲမျောခဲ့ရပြီး ရှက်လွန်းလို့ကိုယ့်ကိုယ်ကိုသတ်သေ သွားခဲ့တာ နင်ကတော့လိင်တူမကြိုက်ဘူးပြောပြီး ချမ်းသာတဲ့ယောက်ျားကိုယူပြီး သာသာယာယာနေနေတာဖြစ်သင့်ရဲ့လား ဟမ် နင့်ကြောင့်ငါ့အစ်ကိုသေရတာလေ ''

"စီနီယာ ယွန်အာက သတ်သေတယ် ငါ ငါတကယ်မသိခဲ့ဘူး ပြီးတော့ ငါအဲ့လိုဖြစ်ဖို့မရည်ရွယ်ဘူး ငါ ငါ တကယ်တောင်းပန်ပါတယ် ''

"အဟက် အခုချိန်မှာနင့်ဆီကတောင်းပန်စကားကို ကြားပြီးခွင့်လွှတ်ပေးမယ်ထင်နေလား နင့်ကိုလည်း တစ်ထပ်တည်းတူညီတဲ့ ခံစားမှုကိုပေးမယ် ငါနင့်ယောက်ျားနဲ့ဘာလို့အလုပ်တွဲ
လုပ်တယ်ထင်လဲ နင့်ယောက်ျားကိုနင့်ဆီက လုယူဖို့လို့ထင်လား အဟက် ကလေးကလားအကွက်တွေမလုပ်ဘူး နင်မြတ်နိုးတဲ့ သူ့အသက်ကိုယူဖို့ ''

"ဘာ မဖြစ်ဘူး မဖြစ်ဘူး ရိပေါ်ကိုမထိနဲ့ ငါ့ကို ငါ့ကို ကြိုက်သလိုလုပ်ပါ ရိပေါ်ကိုလုံးဝမထိပါနဲ့ ''
ရှောင်ကျန့်မျက်ရည်တွေကျလာပြီး ဒူးထောက်လိုက်ကာ လီအာကိုတောင်းပန်လိုက်သည် ။

"ရိပေါ်ကို မထိပါနဲ့ ရိပေါ်ကို မထိပါနဲ့''

"နင်အဲ့လိုလုပ်မဲ့ အစားငါပြောပြတဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ်နားထောင်ကြည့်ပါလား ''
ရှောင်ကျန့် မျက်ရည်အရွှဲသားနဲ့လီအာ့ကို ကြည့်လိုက်ပြီးနေရာမှာပြန်ထိုင်လိုက်သည်။

" နင့်ယောက်ျား အခုရက်ပိုင်းအတွင်း နင့်ကိုစိမ်းကားလာတယ်မထင်ဘူးလား ရုတ်တရက်ကြီး စိမ်းကားလာတဲ့အကြောင်းမသိချင်ဘူးလား''
လီအာ့စကားကြောင့် ရှောင်ကျန့်အံအားသင့်သွားသည်။ ခုရက်ပိုင်းရိပေါ်ဖြစ်နေတာကိုသူလဲနားမလည်နိုင် ဘာလို့ပြောင်းလဲသွားလဲသူသိချင်မိသည်။

" ဟိုးလွန်ခဲ့တဲ့အပတ်က နင့်ယောက္ခမရဲ့ နှစ်ပတ်လည်မလား တကယ်တော့နင့်ယောက္ခမက နင့်အဖေဖြစ်လိမ့်လို့မထင်ထားဘူးမလား''

"ဟမ် ''

"ငါလဲသိချင်လွန်းလို့တော့မဟုတ်ဘူး နင့်ယောက်ျား မူးပြီးပြောတုန်းကငါသိလိုက်ရတာ နင့်ယောက်ျားနင့်ကို ခါးခါးသီးသီးဖြစ်နေရတဲ့အကြောင်းအရင်းကို နင့်ယောက်ျားရုံးခန်းထဲကဒိုင်ယာရီစာအုပ်ထဲမှာရှာကြည့်လိုက်''

Hate is Love  { Complete }Where stories live. Discover now