Part -7 ~ Diary Book

Start from the beginning
                                    

'' ဒါဆိုကျွန်တော်တို့ ဆက်သွယ်လိုက်ပါ့မယ် Stella ''

'' ထပ်တွေ့မယ်လို့ မျှော်လင့်ပါတယ် သူဌေးဝမ် ''

Stella ကလက်ဆွဲနှုတ်ဆက်ဖို့လက်ကမ်းတော့ ရိပေါ်လဲအလိုက်သင့်လက်ဆွဲနှုတ်ဆက်လိုက်သည် ထို အမျိုးသမီးထွက်သွားတော့ ကမ်းလှမ်းထားတဲ့ စာချုပ်တွေကိုထိုင်ဖတ်နေပြီး စာချုပ်တွေကိုယူကာ အလုပ်စားပွဲခုံမှာပြန်ထိုင်လိုက်သည်။

စာရွက်တွေကို အံဆွဲထဲထည့်လိုက်တော့မနေ့ကရှေ့နေ လာပေးထားတဲ့ ပါးရဲ့ဒိုင်ယာရီ စာအုပ်ကိုတွေ့လိုက်တာကြောင့် ထုတ်လိုက်သည် ရိပေါ် ဒိုင်ယာရီစာအုပ်ရဲ့ပထမစာမျက်နှာကို လှန်လိုက်သည် ။

1995 Decemberလ 8 ရက်

ဒီနေ့က ကျွန်တော်နဲ့ချန်အာ့ရဲ့စေ့စပ်ပွဲလေး ကျောင်းတုန်းတည်းကသူ့ကိုချစ်ခဲ့ပေမယ့် သူကတော့ကျွန်တော့ကို သတိတောင်မထားမိဘူး သူ့ကိုပိုင်ဆိုင်ချင်လွန်းလို့ပါးရဲ့ကုမ္ပဏီမှာ ကျောင်းတက်နေရင်း အလုပ်လုပ်ဝင်လုပ်ခဲ့တယ် ကျောင်းပြီးတဲ့အချိန်မှာ ကုမ္ပဏီတစ်ခုလုံးကို အုပ်ချုပ်နိုင်ခဲ့တယ် သူ့ကိုပိုင်ဆိုင်ရဖို့ သူ့အဖေကို အတင်းတွေတိုက်တွန်းခဲ့ပေမယ့် သူကတော့ကျွန်တော့ကို စွန့်ပစ်ပြီး သူ့ချစ်သူနောက်ကိုသာ လိုက်သွားခဲ့သည်

စေ့စပ်ပွဲအလယ်မှာ သတို့သမီးမရှိဘဲ ကျွန်တော်တစ်ယောက်သာ ခန်းမထဲရပ်နေခဲ့ရသည် ကျွန်တော့အသိုင်းဝိုင်းထဲမှာလဲ တော်တော်လေး အရှက်ကွဲသွားခဲ့ရတယ် ။

1996 လ February

ချန်အာနဲ့စေ့စပ်ပွဲပျက်သွားတာမို့ ကျွန်တော့မိဘတွေက အခြားရင်းနှီးမြှပ်နှံတဲ့ကုမ္ပဏီကသူရဲ့သမီးနဲ့ လက်ထပ်လိုက်တယ် ကျွန်တော်ထိုမိန်းကလေးကို မချစ်ပေမယ့်လဲ ကျဆင်းသွားတဲ့နာမည်ကို ကာကွယ်ဖို့ ယူလိုက်ရသည် သူကတော့ကျွန်တော့အပေါ် မိန်းမ ကောင်းတစ်ယောက်ဖြစ်ခဲ့ပါသည် ကျွန်တော်ကတော့ အလုပ်ကိုပဲ ပိုလုပ်ပြီးသူ့ကို ဂရုမစိုက်ခဲ့မိဘူး နောက်တော့မှသူ့ဆီမှာ ကျွန်တော့ရင်သွေးလေး လွယ်ထားရတယ်ဆိုတော့ ကျွန်တော်အတိုင်းမသိ ပျော်ခဲ့ရတယ် ဒါပေမယ့်ပျော်ရွှင်မှုက ကြာရှည်မခံသူ့မှာနှလုံးရောဂါရှိတာကြောင့် ကလေးမွေးဖွားဖို့ခက်ခဲခဲ့တယ် ကိုယ်ဝန်၇လနဲ့ ကလေးမွေးဖို့ ဆေးရုံရောက်လာရတယ်

Hate is Love  { Complete }Where stories live. Discover now