အပိုင်း ၁၈ ပျက်သုဉ်းသွားလေသော

603 60 7
                                    

❄ သဖန်တောင် ❄

ဟွားလီနဲ့လင်းယွင်တို့၏ မင်္ဂလာကိစ္စအတွက် အားလုံးလိုလို ရီလင်သို့ ရောက်နေချိန်တွင် သဖန်တောင်သို့ ရောက်နေသည်မှာ ဝမ်းနင် မင်းဟွမ် နှင့် ယူလီတို့ပင်။ ဇီကျင်းက ဂိုဏ်းတွင်း ပြဿနာတစ်ချို့ကြောင့် အိမ်ခဏပြန်သွားခဲ့သည်။ သဖန်တောင်၏အခြေအနေက တစ်နှစ်ထက်တစ်နှစ် ပိုဆိုးနေသည်။ မိစ္ဆာမြူခိုးများက သာမာန်မျက်စိဖြင့် မြင်နိုင်လောက်အောင် နေရာအနှံ့အပြားတွင် ရှိနေသည်။ သက်ရှိအလောင်းကောင် အချို့ရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် အသိစိတ်ရှိနေကြသေးသည်။

" သက်ရှိအ‌လောင်းကောင်းတွေ ဘာလို့
ဒီလောက်တောင် များနေရတာလဲ "

" မြူခိုးတွေကြောင့် ဖြစ်မယ်
ရှောင်ဟွမ် ဒီမှာလာကြည့် "

ယူလီသည် အသားစားငှက်များကြောင့် ဝမ်းဗိုက်ပေါက်ကာ ကိုယ်တွင်းကလီစာများ အပြင်သို့ ထွက်နေသော်လည်း ဆန့်တငင်ငင်နှင့် အသက်မထွက်နိုင်သေးသော အလောင်းကောင်ကို သေချာစွာ စစ်ဆေးပြီးနောက် ...

" ကူးစက်ရောဂါတစ်မျိုးပဲ သူ့ရဲ့လည်ပင်းက
အမည်းရောင်အမှတ်တွေက ယင်းဟူဖူကြောင့်
ဖြစ်တဲ့ အမှတ်တွေလိုပဲ "

" ယင်းဟူဖူ ထပ်ပေါ်လာပြန်ပြီ ၊ ShiFu
ယင်းဟူဖူကို ဘယ်နှစ်ခုတောင် ဖန်တီးထားတာလဲ
ပြဿနာတစ်ခုခုဖြစ်တိုင်း ယင်းဟူဖူရဲ့
သဲလွန်စတွေပဲ တွေ့နေတယ် "

မင်းဟွမ် နှင့် ယူလီ ဆွေးနွေးနေစဉ် ဝမ်းနင်သည် အနီးအပါးရှိ မြေအနေအထားကို ကြည့်နေသည် ။ ရုတ်တရက် အမှောင်ထုထဲမှ အကောင်တစ်ကောင်၏ စူးစူးဝါးဝါးအော်သံကို ကြားလိုက်ရသည်။ ထိုအသံမှ အလွန်အမင်း နာကျင်လွန်း၍ ဝမ်းခေါင်းသံကြီးနှင့် ဆွဲဆွဲငင်ငင်ဟိန်းသံပင် ။ မင်းဟွမ် နှင့် ယူလီသည် ကျောရိုးတစ်လျှောက်အေးစိမ့်သွားပြီး ခြေဖျားလက်ဖျားများပါ အေးလာသည်။

" မင်းတို့ ဒီမှာနေခဲ့ ငါသွားကြည့်လိုက်မယ် "

" ဝမ်းချန်ပေ့ သတိထားသွားနော် "

" ဟွမ် ငါတို့ အကနတ်သမီးရုပ်ထုကို
သွားကြည့်ကြမလား "

" အင်း ဝမ်းချန်ပေ့ ကျွန်တော်တို့ အကနတ်သမီးကို
သွားစစ်ကြည့်လိုက်မယ် ပြီးတာနဲ့ ဒီမှာပဲ
ပြန်ဆုံကြမယ် "

The Love Story Never EndingWhere stories live. Discover now