PREVIEW FOR NEXT SEASON

756 45 0
                                    

        " အားမင် ...!!!အားမင်...ဘယ်တွေရောက်နေတာလဲ "
        " ခေါ်လိုက်တာလား "
        " ဒီအိမ်ထဲမှာ အားမင် ဘယ်နှစ်ယောက်ရှိလို့လဲ ၊ သူဘယ်သွားလဲ မနေ့ညထဲက မတွေ့လို့ "
         " အယ်.....အဲ့ဒါက ... "
         " ဪ အထစ်အထစ်နဲ့ ဘာဖြစ်နေတာလဲ ၊ သူ ဘယ်သွားတာလဲ "
          " ...... RO....ROSE CLUBပါ "
          " ဟမ် ထပ်ပြီးတော့လား "
       { You have a message }
           " ခု ဆယ် ရာ သိန်း၅၀ clubမှာသိန်း၅၀တောင် သုံးလိုက်တယ် OH MY GOD!!!!! ..... အလုပ်ကျတော့ မလုပ်ချင်ဘူး ၊ ငါ့ပိုက်ဆံကို သုံးဖြုန်းနေတယ် "

            🍺🍺🍺🍺🍺
            " အားလုံးပဲ ဒီညအတွက် ကုန်ကျစရိတ်အားလုံးကို ဒီက HongHongရှင်းပေးမယ် ၊ ပျော်လိုက်ရအောင် DJ Let's Go "
            🍻🍻🍻
             " Hey သူက ဘယ်သူလဲ ၊ DJအသစ်လား "
             " အစ်ကိုရှီးချန် သူက Clubပိုင်ရှင်HongYuTian လေ ၊ ပြီးခဲ့တဲ့လကမှ နိုင်ငံခြားက ပြန်ရောက်တာ ၊ ညတိုင်းလိုလို ဒီမှာရှိတယ် ၊ customerတိုင်းက သူ့ကို ကြိုက်ကြတယ်လေ ၊ သူရှိတဲ့ရက်ဆို လူအမြဲပြည့်နေတာ "
            " မင်းကြွယ် .......  နျဲ့မင်းကြွယ်......."
            " ဟမ်း ဘာ ဘာလဲ "
            " မျက်လုံးလည်း အပြင်ထွက်ကျလာတော့မယ် "
            " လှလိုက်တာ ၊ နတ်သမီးလေးအတိုင်းပဲ "
            " မြင်ဖူးလို့လား "

{ဘာရယ်ကြောင့်မှန်းမသိ ဤမိန်းကလေးကို ရင်းနီးနေသည်ဟု လန်ရှီးချန်ခံစားမိသည် }
           
           🏰     🏰      🏰      🏰      🏰      🏰
            "  ဝေ့ဝူရှန့်  နင်ရူးနေတာလား ၊ကောင်လေးတွေနဲ့ နေ့တိုင်းခြေရှုပ်နေတယ်ပေါ့လေ ၊ ငါ့အိမ်ကို ဟိုတယ်များထင်နေတာလား ၊ ကောင်လေးတွေခေါ်လာပြီး ပျော်ပါးနေရအောင် "
             " မတတ်နိုင်ဘူးလေ ၊ သေခြင်း ရှင်ခြင်းကို ထိန်းချုပ်နိုင်ခဲ့တဲ့ ငါက မိန်းကလေးဖြစ်နေတယ်တဲ့ ၊အဲ့ဒါဘယ်သူ့အမှားလဲ ၊ ဒါပေမယ့်လည်း မဆိုးပါဘူး ၊ နင်ကအရမ်းလှနေတာပဲ နင့်အထင်မှာရော ဘယ်လိုလဲ  "
             " ဝေ့ဝူရှန့် နင်ခုတော့ ကျေးဇူးကန်းပြီပေါ့ ၊ ငါ့မှာ ခက်ခက်ခဲခဲနင့်ကို ကယ်ဖို့ ငါ့ခန္တာကိုယ်ကို ပေးထားရတာ ၊ နင်က ဒီလို ပြောရက်တယ် ၊ နောက်ဆုံး.သတိပေးမယ် ငါ့ခန္တာကိုယ်နဲ့ ရည်းစားထားတာ ကိစ္စမရှိဘူး ၊ ဒါပေမယ့် SEXကိစ္စ မပါစေနဲ့ ၊.နင့်ရဲ့ ခန္ဓာကိုယ်ပြန်မကောင်းခင်ထိ ဘာပြဿနာမှ မရှာနဲ့ "
              သူမ ပြောစရာစကား ပျောက်ရှသွားသည် ။ တကယ်လည်း သူ့စကားက မှန်ပေသည် ။ သူ့ကို ကယ်တင်နိုင်ရန် သူမအစွမ်းကုန်ကြိုးစားခဲ့ပြီး နောက်ဆုံးတွင်တော့ အန္တရာယ်ကင်းသော နည်းလမ်းကို ရှာတွေ့ခဲ့သည် ။ ဒါကတော့ ဝိဉာဉ်လဲခြင်းပင် ။ ဝိဉာဉ်လဲခြင်းအစီအရင်၏အကျိုးဆက်ကြောင့်  တစ်ခါတရံတွင် သူ၏အတိတ်ဘဝကိုမေ့နေတတ်သည်။
                နက်မှောင်နေသော ဆံနွယ် ဇင်ယော်တောင်မျက်ခုံး ဖြောင့်စင်းနေသော နှာတံလေး သွေးရောင်သမ်းနေသော နှုတ်ခမ်းလေးကြောင့် သူမသည် မည်မျှပင် ရုပ်ဖျက်ပါစေ သူမ၏အလှကို ဖုံးကွယ်၍ မရပေ။ သူမပြုံးလိုက်လျှင်ပေါ်လာသော ယုန်သွားလေးနှင့်သွားစွယ်လေးက မြင်ရသူအဖို့ အသက်ရှူဖို့ပင် မေ့သွားစေသည်။
               ဝတ်ဆင်ထားသော အနီရောင် ကိုယ်ကျပ်ဂါဝန်လေး သည် သူမ၏ ဝင်းဝါနေသော အသားအရေနှင့် အလွန်လိုက်ဖက်လှသည်။ ဤသည်ကား Hong YuTian၏ ခန္ဓာကိုယ်ပင် ။ ဒါပေမယ့်လည်း ဝိဉာဉ်ကား ရီလင်လောင်ဇူ ဝေ့ဝူရှန့်၏ဝိဉာဉ်ပင်။
                " အပြင်သိပ်မထွက်နဲ့ ၊ အခု နင်က အရမ်းလှနေတာ ၊ တွေ့တဲ့ယောက်ျားတိုင်း နင့်ကို ဆွဲစားချင်နေပြီ "
                " ဆွဲစားတယ် အဲ့ဒါက ဘာအဓိပ္ပါယ်လဲ "

The Love Story Never EndingWhere stories live. Discover now