အပိုင်း ၄ ငါ့ရဲ့အမှားတွေပါ

1.4K 130 3
                                    

           ဝေ့ဝူရှန့် သည် သူ့ရဲ့ ခံစားချက်ကို လျစ်လျူရှု၍ ဟန်ကွမ်းကျွင်း နှင့်အကြည့်ချင်းမဆုံအောင်နေလိုက်သည်။

      ' ဝေ့ဝူရှန့် မင်း ဘယ်တွေလျှောက်သွားနေတာလဲ၊အဆင်ရောပြေရဲ့လား၊မင်းဆီက အဆက်အသွယ်မရတော့ ..' 

      ' ကျန်းဂိုဏ်းချုပ် ခုလိုပူပန်ပေးတာကို ကျေးဇူးတင်ပါတယ် ၊ ဒါပေမယ့် ကျွန်တော်အရမ်းကိုအဆင်ပြေပြေနေနေပါတယ် '

      ( အဆင်ပြေပြေနေနေတယ်၊နေ့တိုင်း ဖုတ်ကောင်တွေနဲ့ တိုက်ခိုက်နေရတာကို ၊ ငါတို့သခင်လည်း သနားဖို့ကောင်းလိုက်တာ ၊အမြဲတမ်းသူများအတွက်တွေးပေးနေတယ် ၊ သူ့အတွက်သူ ဘယ်တော့မှတွေးပေးမှာလဲမသိပါဘူး )

         ချန်ချင်က တီးတိုးရေရွတ်လိုက်သည်။ ချန်ချင်၏တီးတိုးစကားကိုကြားလိုက် သူကား ဟန်ကွမ်းကျွင်း ပင်ဖြစ်သည်။ ချန်ချင်၏စကားအား အပြည့်အဝမကြားလိုက်သော်လည်း ဟန်ကွမ်းကျွင်း ၏မျက်နှာကသိသိသာသာပျက်သွားသည်။

        ဟန်ကွမ်းကျွင်း မျက်နှာ ဘာကြောင့်ငြိုးသွားသည်ကို သိလိုက်သော ဝေ့ဝူရှန့် သည် ဘေးတွင်ရှိနေသော ချန်ချင်အား မျက်စောင်းထိုးလိုက်သည်။

      ' ဝေ့ရင်း ဘယ်လိုဖြစ်တာလဲ ၊ ဒီနှစ်တွေထဲမှာ မင်းဘယ်တွေရောက်နေတာလဲ '

      ' ငါက  မိစ္ဆာသခင် လေ ၊သချိုင်္င်းတောင်ကုန်းမှာပဲ နေရတာပေါ့။ ဟန်ကွမ်းကျွင်း ရဲ့သတင်းကောင်းတွေကတော့ ဝိဉာဉ် တွေကတစ်ဆင့် ကြားရပါတယ်။ပြီးတော့ ကျန်းဂိုဏ်းချုပ် ရဲ့အောင်မြင်မှုတွေကိုရောပေါ့။ '

           အများအမြင်တွင် ဝေ့ဝူရှန့် သည် သူစိမ်းများကိုစကားပြောနေသလိုပင်။

       ' ချန်ချင် စစ်ကျွေးနဲ့ကျင်းလင် ရဲ့အခြေအနေကိုစစ်လိုက်ဦး ။ ပြီးရင် အိမ်ရဲ့အရပ်လေးမျက်နှာမှာ အကာအကွယ် တွေချထား '

       ' ဝေ့ရင်း ... '

       ' ဟန်ကွမ်းကျွင်း စိတ်ရှည်ရှည်ထားပြီးတော့ အခန်းထဲမှာခဏလောက်အနားယူနေပါဦး '

The Love Story Never EndingWhere stories live. Discover now