အပိုင်း ၅၆ ယွင်ရှန်း

241 33 2
                                    

မင်းဟွမ် မှာ အကန်ခံလိုက်ရ၍ မြေကြီးပေါ် ဖင်ထိုင်ရက်လေး ကျသွား၏။ မျက်လုံးအပြူးသားနဲ့ ဟုန်ယွီ ကို တအံ့တသြငေးကြည့်ရင်း

   ♦ ချန်ချန် ဘာဖြစ်တာလဲ ငါ အမှားလုပ်မိလို့လား ♦

ဟုန်ယွီက ခါးထောက်၍ သူ့ကို စိုက်ကြည့်၏။
သူ့ရှေ့က ချန်ချင်ဟာ တကယ်တော့ ဟုန်ယွီဆိုတာ သူနည်းနည်းလေးတောင် မရိပ်မိပေ။

   ♦ ဟုန်ယွီ . . . မတွေ့ရတာကြာပြီနော် ♦

လန်ဝမ့်ကျီးလို့ ခေါ်လိုက်တည်းက သူက ချန်ချင်မဟုတ်ဘူးဆိုတာကို သူသိလိုက်သည်။ ချန်ချင်က သူ့ရဲ့နာမည်ကို မခေါ်ရဲပေ ။
သူ့ရဲ့နာမည်ကို ဘာမှမဖြစ်သလို အေးအေးဆေးဆေး ခေါ်နိုင်တာ ခေါ်ခွင့်ရှိတဲ့သူဆိုရင် သူ့အထက် အကြီးအကဲတွေပဲ ရှိသည်။
သို့သော်လည်း ဘယ်သူကမှ သူ့နာမည်ကို မခေါ်ပေ။

   ♦ ဟုတ်ကဲ့ ဟန်ကွမ်းကျွင်း . . . ဒီနှစ်တွေမှာ အဆင်ပြေရဲ့လား ♦

မင်းဟွမ်ရဲ့မျက်လုံးက ခုနကထက် နှစ်ဆပိုကျယ်သွားရလေပြီ။
ဟန်ကွမ်းကျွင်းက ချန်ချင်ကို ဟုန်ယွီလို့ ခေါ်လိုက်တယ်
အဲ့ဒီ့ခါမှပဲ ချန်ချင်ကို ခေါင်းအစခြေအဆုံး သေချာကြည့်ရသည်။
ခန္ဓာကိုယ် အဝတ်အစား အပြင်အဆင်က ချန်ချင်နဲ့တူပေမယ့် မျက်နှာထားက . . . . . ဟုန်ယွီပင်။

   ♦ အာ . . . ဟုန်Jieလား ဒါဆို ချန်ချန်က ဘယ်ရောက်သွားတာလဲ ကျွန်တော့်ချန်ချန် . . .  ♦

   ♦ တကယ်ပါပဲ ဘယ်သွားသွား ဒီအတွဲတွေကြားကနေ မလွတ်နိုင်ဘူး . . . ဘယ်မှမသွားဘူး ချန်ချင်ကို ခဏငှားထားတာ ပြဿနာရှင်းပြီးတာနဲ့ ပြန်ပေးမယ် ဟုတ်ပြီလား ♦

   ♦ ဟုတ်ကဲ့ ♦

   ♦ ဝေ့ရင်းရော ♦

   ♦ သူဘာမှမဖြစ်ဘူး ယူလီကို ရှာနေတာ ဒါပေမယ့် ဟန်ကွမ်းကျွင်းကို မတွေ့ရလို့ သူ့မှာ စိတ်မအေးနိုင်ဘူးလေ . . . ရော့ ခြူသံထွက်တဲ့နောက်ကိုလိုက် အဲ့ဒါဆို သူနဲ့တွေ့လိမ့်မယ် ♦

   ♦ ဟုန်Jieက ဘယ်သွားမလို့လဲ ♦

   ♦ ကျင်းလင်ကို ရှာရမယ်လေ ♦

The Love Story Never EndingWhere stories live. Discover now