အပိုင်း ၃၇ သာမာန်ပတ်သက်မှုတော့ မဖြစ်နိုင်

345 40 10
                                    

             ရှန်းယူလီ သူ့ကို အများက နတ်ဆေးသခင်လို့ သတ်မှတ်ကြ၏။ ရီလင်သခင်ကြီး၏ ပါရမီရှင်တပည့်မလေး
ဟွားလီလောက် အချစ်မခံရပေမယ့်လည်း အားလုံးက သူ့ကိုဟွားလီထက် ပိုလေးစားကြ၏။

              မိသားစု အဆင့်အတန်းက မြင့်မားပေမယ့်လည်း အိမ်တွင်းရေးပြဿနာကလည်း များလှသည်။
အမေဖြစ်သူက သူ့ကို မွေးပြီးတည်းက ဆုံးပါးသွားခဲ့ရပြီး အကိုဖြစ်သူမှာလည်း နာတာရှည်ရောဂါသည် ဖြစ်၏။ ငယ်စဉ်တည်းက သူမဟာ မိန်းကလေးတစ်ယောက် ဆိုတာကို ဖုံးကွယ်ထားရပြီး သူမအကို၏နာမည်နှင့်သာ အသက်ရှင်ခဲ့ရသည် ။ သူမအသက် ၁၀ နှစ်တွင် အကိုဖြစ်သူ သေဆုံးသွား၍ ရှန်းယူလီ ဆိုသည့် နာမည်က သူ့နာမည် ဖြစ်လာခဲ့ရသည်။

               တကယ်တမ်းမှာတော့ ရှန်းယူလီ ဆိုသည့် ထိုနာမည်ကို သူမ ဘယ်တုန်းအခါကမှ မကြိုက်ခဲ့ပါဘူး ။
သူ့မအပိုင်ဆိုတာ ဘာတစ်ခုမျှ မရှိခဲ့ပေ အရာရာက ဖခင်၏ခြယ်လှယ်မှုအောက်မှာသာ ။
ဘဝမှာ အပျော်ရွှင်ခဲ့ရဆုံးက ရီလင်သခင်ကြီး၏ တပည့်ဖြစ်ခဲ့ရခြင်းပင်။ သူမရဲ့ဆရာတူအကိုတွေ သူငယ်ချင်းတွေ ဆရာတူညီမလေး ပြီးတော့ သူမတိတ်တခိုး သဘောကျခဲ့ရတဲ့ မင်းဟွမ် ........

                သူမ လောဘတတ်မိ၏ ။ ဟွားလီ၏ဘဝကို အားကျမိ၏။ ဆရာ၏ချစ်ခြင်းကို အားလုံးထက်ပိုရချင်မိ၏။ ဟွားလီ ၏ ပြီးပြည့်စုံသော အလှတရား သူမရဲ့ပါရမီ သူမရဲ့အိမ်ထောင်ဖက် အရာအာလုံးကို လိုချင်မိ၏။ သူမဟာ သေဆုံးသွားသည့်တိုင်အောင် အားလုံးရဲ့ရင်ထဲမှာ ရှင်သန်နေသေး၏။

                မင်းဟွမ်အပေါ် သူမရဲ့ခံစားချက်တို့က ထိန်းချုပ်မရနိုင်ခဲ့ပေ။ သို့ပေမယ့်လည်း မင်းဟွမ်က သူမကို သူငယ်ချင်း ဆရာတူညီအကို အနေနဲ့သာ သဘောထားခဲ့၏။ သူမ မိန်းကလေး ဖြစ်ကြောင်း ဖော်ပြခဲ့တာတောင် သူမအပေါ် စိတ်ဝင်စားမှုမပြခဲ့ပေ။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက သူငယ်ချင်း ဆရာတူမောင်နှမအဆင့်သာ ရှိခဲ့၏။
     
                သူတစ်ချိန်လုံး သဘောကျနေသည်မှာ ဟုန်ယွီဖြစ်ခဲ့၏။ မင်းဟွမ်ဟာ အားလပ်နေသည့်အချိန်တိုင်းကို ဟုန်ယွီအနောက်တကောက်ကောက် လိုက်နေတတ်၏။ ဖွင့်မပြောသော်လည်း ဟုန်ယွီအပေါ်ထားသည့် မင်းဟွမ်၏ ခံစားချက်ကို မသိသူမရှိပေ။  ဟုန်ယွီမရှိတော့သော်လည်း မင်းဟွမ်ရဲ့စိတ်ခံစားချက်က ပြောင်းလဲမသွားခဲ့ပေ။

The Love Story Never EndingWhere stories live. Discover now