အပိုင်း ၆၅ ချုပ်နှောင်ခြင်း ခံလိုက်ရသည့်

193 29 4
                                    

သည်းသည်းမည်းနဲ့ရွာသွန်းနေတဲ့ နှင်းမိုးတွေ
ခေါင်းမိုးပေါ်ကို တဗျောင်းဗျောင်းနဲ့ ကျဆင်းနေတဲ့ နှင်းမိုးတွေ

မှတ်ဉာဏ်ဖတ်ခြင်းက အလွန်တရာမှ ပင်ပန်းလွန်းလှသည်။
စွမ်းအင်လှိုင်းက ဝုန်းခနဲ ပြန်ကန်ထွက်လာတာကြောင့် အကုန်လုံး တစ်နေရာစီ လွင့်စင်သွား၏။

🌿 စစ်ကျွေး အဆင်ပြေရဲ့လား ဘာဖြစ်သွားသေးလဲ  🌿

ကျင်းလင် က စစ်ကျွေး ကို အပြေးအလွှားသွား ထူ၏။
စစ်ကျွေး က သွေးအနည်းငယ် ထွေးထုတ်လိုက်ပြီး မေးစေ့ကို စီးကျလာတဲ့ သွေးကို လက်ခုံနဲ့သုတ်လိုက်သည်။

🌿 ဘာမှမဖြစ်ဘူး . . . . . နည်းနည်း ပင်ပန်းသွားလို့ပါ ခဏနားလိုက်ရင် အဆင်ပြေသွားမှာပါ 🌿

🌿 စစ်ကျွေး မင်းဘာစားချင်လဲ ငါ စားဖိုဆောင်ကို ချက်ခိုင်းလိုက်မယ်လေ 🌿

🌿 တော်ပါပြီ ငါခဏလှဲလိုက်ဦးမယ် ခနနေမှ ဆက်ကြည့်ကြတာပေါ့ 🌿

🌿 ShiXiong . . . . တောင်းပန်ပါတယ် . . . . . မှတ်မိနေတဲ့သူက ပိုခံစားရမှာကို ကျွန်တော် သေချာမစဉ်းစားဘဲနဲ့ ShiXiong ကို စိတ်ဆိုးမိတယ် 🌿

စိတ်ငြိမ်သွားတော့မှ သူ့လုပ်ရပ်ကို င်းဟွမ် နောင်တရသွား၏။
ဘယ်သူ့ကိုမှ မပြောပြနိုင်ဘဲ တစ်ယောက်တည်း ကျိတ်ခံစားနေရတာ ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ ။

🌿 ရပါတယ် မင်းရဲ့စိတ် ဘယ်လိုဖြစ်နေမယ်ဆိုတယ ငါနားလည်ပါတယ် . . . . . . နောက်ပိုင်းကိစ္စတွေက လက်ခံဖို့ ပိုခက်ခဲလိမ့်မယ်နော် . . . . တကယ့်ငရဲက အဲ့ဒီ့နောက်မှာ စတာပဲ 🌿

            ⚫🔥   ⚫🔥   ⚫🔥   ⚫🔥   ⚫🔥

အသက်လု၍ ပြေးရင်း ဟုန်ယွီ နဲ့ ဝေ့ဝူရှန့် နှစ်ယောက်သား ရန်ဖြစ်နေကြ၏။
ပိန်းပိန်းပိတ်မှောင်မိုက်နေတဲ့ ငရဲမှာ နေလို ရဲရဲတောက် ပူပြင်းတဲ့ မီးလုံးကြီးက သူ့တို့အနောက်ကို ထပ်ကြပ်မကွာလိုက်လာနေ၏။

🌿 မှတ်မိတာပေါ့ သူ့ကို ငါကဖမ်းခဲ့တဲ့ နတ်ဆိုးတိုင်းကို မှတ်မိတယ် နင့်လို မဟုတ်ဘူး ဖမ်းပြီးတာနဲ့ မေ့ပစ်လိုက်ရော 🌿

The Love Story Never EndingWhere stories live. Discover now