ကျီရွှမ်းပြောလိုက်တဲ့စကားကြောင့် ရှောင်းကျန့်ရဲ့မျက်ခုံးလေးတွေအလိုမကျမှုကြောင့်တွန့်ချိုးသွားရသည်။

"အရှင့်သားပြောတာတွေကို ကျွန်တော်နားမလည်ပါဘူး။ဒါပေမယ့်ကျွန်တော်ဒီနေရာကို ရောက်နေရတာကမိဖုရားလွီရဲ့...."

တစ်ခုခုကိုစဉ်းစားမိသွားတာ‌ကြောင့်ရှောင်းကျန့်စကားဆုံးအောင်ပင်ဆက်မပြောနိုင်ခဲ့။သူ့ကိုမိဖုရားလွီကခေါ်တယ်ဆိုလို့ သူလာခဲ့သည်။ဒီရောက်တော့ရိပေါ်နှင့်တွေ့သည်။ပြီးတော့ ဒေါသတကြီးနှင့်ကျီရွှမ်းကရောက်လာသည်။သူအခု ဘာကြောင့်ကျီရွှမ်းဒေါသထွက်နေရတာလဲကိုနားလည်သွားပြီ။သူမိဖုရားလွီရဲ့ထောင်ချောက်မိသွားခဲ့ပြီ။

ရှောင်းကျန့်ဟာမယုံကြည်နိုင်တဲ့အကြည့်တွေနဲ့ ကျီရွှမ်းကိုကြည့်လိုက်သည်။အခုသူ့ကို အရှင့်သားကဖောက်ပြန်နေတယ်လို့ထင်နေတာလား။

"အရှင့်သားက ကျွန်တော့်ကိုမယုံမကြည်ဖြစ်နေတာပဲ...."

"ကိုယ်တော်မင်းကိုယုံကြည်ခဲ့ပါတယ်ရှောင်းကျန့်...။ဒါပေမယ့် မင်းကိုယ်တိုင်ကအဲ့ယုံကြည်မှုကိုဖျက်ဆီးလိုက်တာ..."

ကျီရွှမ်းစကားကြောင့်ရှောင်းကျန့်တစ်ချက်ရယ်လိုက်သည်။လဲကျနေတဲ့မြေပြင်ကနေ အားယူကာထလိုက်ပြီးကျီရွှမ်းရဲ့မျက်ဝန်းတွေကိုတည့်တည့်စိုက်ကြည့်လိုက်သည်။

"ကျွန်တော်ကိုယ်တိုင်ကဖျက်ဆီးလိုက်တယ်။ဒါဆိုပြောပါအုံး...ကျွန်တော့်ရဲ့ဘယ်လိုအပြုအမူတွေကများအရှင့်သားရဲ့ ယုံကြည်မှုတွေကိုပျက်ဆီးစေရတာလဲ...."

ရှောင်းကျန့်ရဲ့စကားကိုကြားတော့ကျီရွှမ်းကတစ်ချက်ရယ်သည်။

"လူမရှိတဲ့နေရာမှာ မင်းတို့နှစ်ယောက်တည်းခိုးတွေ့တာကိုငါကိုယ်တော်က ယုံကြည်ပေးနေရမှာလား။မင်းတို့နှစ်ယောက်ဖောက်ပြန်တာကို ငါကိုယ်တော်ကမျက်စိနဲ့တပ်အပ်မြင်တာကိုတောင်မင်းကိုယုံကြည်ပေးနေရအုံးမှာလား..."

ကျီရွှမ်းစကားဆုံးတာနဲ့ ရှောင်းကျန့်ရဲ့လက်ဝါးဟာကျီရွှမ်းပါးပေါ်သို့ရောက်ရှိသွားသည်။ထိုနေရာမှာရှိနေတဲ့သူတွေအားလုံး တောင့်ခဲသွားကြသည်။အခုကြင်ယာတော်ကအိမ်ရှေ့စံမင်းသားကိုရိုက်လိုက်တာလား။ထိုရိုက်ချက်အတွက်ရှောင်းကျန့်ရဲ့မျက်နှာမှာ နောင်တတရားတို့မရှိပါ။ကျီရွှမ်းဟာရှောင်းကျန့်ကိုကြောင်အစွာကြည့်နေတုန်းမှာပဲ ဘယ်ကဘယ်လိုရောက်လာမှန်းမသိတဲ့လွီမေအော်ဟာ ကျီရွှမ်းရဲ့ရင်ခွင်ထဲသို့ပြေးဝင်လာတော့သည်။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now