ရိပေါ်က ဝမ်းသာနေမိပေမယ့် ပါပါးကတော့
အဲ့လိုမဟုတ်ခဲ့ဘူး။ ရိပေါ်ရောဂါကို ကုဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်။ ရိပေါ်သတိရမိလိုက်တာက ပါပါးရဲ့အဖေ၊ ရိပေါ်ရဲ့အဖိုးကလည်း ဒီရောဂါနဲ့ပဲ ​သေဆုံးသွားခဲ့တယ်။
ဒါကြောင့်မို့လည်း ပါပါးက ရိပေါ်ကို ကုသနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတာဖြစ်မယ်။ ​မျှော်လင့်ချက်တွေေ သဆုံးပြီးသားလူရဲ့ ခန္ဓာကိုယ်က ရှင်သန်နေတော့ရော ဘာများထူးမှာမို့လဲ။
ပါပါးက အရမ်းအတ္တကြီးတယ်။ ရိပေါ်ဘက်ကို ​တွေး
မပေးဘူး ။ရိပေါ်သိပ်ပင်ပန်းနေပြီ။ ရှင်သန်ရတာ သိပ်
ကိုခက်ခဲတယ်။ ဘာလို့ ရိပေါ်ကို လွတ်မြောက်ခွင့်
မပေးနိုင်ရတာလဲ။

ရိပေါ်က ​ဆေးခါးခါးတွေကို မုန်းတယ်။ ​ဆေးထိုးအပ်
ကိုလည်း မုန်းတယ်။ ရှင်သန်ဖို့ ကြိုးစားရုန်းကန်နေရတာကိုလည်း မုန်းတယ်။ လူတိုင်းက တစ်ချိန်ကျရင်
သေဆုံးရမှာပဲလေ။ ဘာလို့ ကြိုးစားပမ်းစား ရုန်းကန်ပြီး
ရှင်သန်ဖို့ ကြိုးစားနေကြတာလဲ။ ရိပေါ် ဆုံးဖြတ်ချက်
တစ်ခု ချလိုက်တယ်။ သူ့ဘဝရဲ့ လက်ကျန်အချိန်တွေ
ကို ပိုးသတ်ဆေးနံ့တွေ ဖုံးလွှမ်းနေတဲ့ ​ဆေးရုံခန်းထဲမှာ
အဆုံးမသတ်ချင်ဘူး။ မမ ​ပြောခဲ့ဖူးသလို ဘဝကို
ဘယ်သူ့လွှမ်းမိုးမှုမှ မပါဘဲ လွတ်လွတ်လပ်လပ်​ ​နေထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ရှင်သန်ခွင့်ရခဲ့တဲ့ ဒီဘဝကြီးကို ​နောက်ဆုံးအနေနဲ့ အပြည့်အဝခံစားပြီးမှ နှုတ်ဆက်ချင်တယ်။ ရှင်သန်ခဲ့တဲ့အတိတ်ကို ပြန်ကြည့်တဲ့အခါမှာ ​နောင်တရစရာမရှိအောင် ​နေထိုင်သွားချင်တယ်။
ဒီဆန္ဒကို အကောင်အထည်ဖော်ဖို့ ရိပေါ်က ပါပါးမသိ
အောင် ​ဆေးရုံကနေ ထွက်ပြေးလာခဲ့တယ်။

မမ ချန်ပေးထားခဲ့တဲ့ငွေတွေက ရိပေါ်ရဲ့ လက်ကျန်
သက်တမ်းကို သက်သောင့်သက်သာ ဖြတ်သန်းနိုင်ဖို့
ဖူလုံတယ်။ ကျန်ရှိနေတဲ့ဘဝကို ရိပေါ်က ​လေလွင့်နေ
တဲ့ သစ်ရွက်လေးလို ဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်တယ်။
အထိန်းအကွပ်မဲ့တယ်။ လွတ်လပ်တယ်။ သတိမထား
မိလောက်အောင် ​သေးငယ်လွန်းတယ်။ Chinaကို
စွန့်ခွာလို့ တစ်နိုင်ငံပြီးတစ်နိုင်ငံ လှည့်ပတ်ပြီး ခရီးထွက်
ခဲ့တယ်။ ကမ္ဘာပေါ်မှာ အလှဆုံးပါလို့ တင်စားရလောက်တဲ့ မြင်ကွင်းတွေကို ဓာတ်ပုံရိုက်ယူတယ်။တစ်နေ့နေ့မှာ ဒီဓာတ်ပုံလေးတွေက ရိပေါ်ရဲ့ဖြစ်တည်မှုကို
သက်သေပြုပေးကြလိမ့်မယ်။

Imaginary You(Completed)Where stories live. Discover now