အပိုင်း ၉

Start from the beginning
                                    

" ရှန့်ယန် ခင်များ..."

" ခင်များ ...ဟုတ်လား...။ ပြောပါဦး ဘာဖြစ်လို့လဲ"

ပြောပါဦးသာဆိုတာ ရှန့်ယန်က ကျူးယင်ပါးစပ်ကို အအားပေးထားသည်မဟုတ်ပေ။ နူးညံ့သည်လည်းမဆိုသာ ကြမ်းတမ်းသည်လည်းမမည်သည့် အနမ်းတို့က မနက်ခင်းအနမ်းချိုချိုလို့တော့ ပြောမရပေ။

ကျူးယင်က ရှန့်ယန်ရင်ဘတ်ကို ရိုက်တော့မှသာ စိတ်ကို ထိန်းပြီး ရပ်ပေးသည်။ သို့တိုင် သူ့လက်ကြီးတွေက ကျူးယင်ကိုယ်လေးပေါ် စုန်ချည်၊ဆန်ချည်။

မနေ့ညက ကျူးယင် အဆင့်တက်သွားခဲ့သည်။ ရယ်စ၇ာတော့ကောင်းပေမယ့် သူအဆင့်တက်ဖို့ တားဆီးနေတဲ့ အကာအရံက သည်ရှန့်ယန်နဲ့စိတ်ဝိဥာဉ်ချင်း ပေါင်းစည်းလိုက်ရုံနဲ့ အဆင့်တက်သွားရသည်တဲ့။

" ခင်များ တမင်လုပ်တာမလား ရှန့်ယန်"

" ကျူးယင် မင်းပဲ အဆင့်တက်ချင်နေတာလေ၊ စစ်ဝူရှဲ့ကို ဝိဥာဉ်ခွဲပေးမလို့ မဟုတ်လား"

သည်အကြောင်းကို ကျူးစစ်နဲ့ ကျူးလျန်ကို ပြောတုန်းကတောင် ဘယ်လိုမှမနေတဲ့ ကျူးယင်က ရှန့်ယန်ရဲ့ အကြည့်စူးစူးတွေအောက်တွင် ကနာမငြိမ်ဖြစ်ရသည်။

ရှန့်ယန်က မနေ့ကမှပေါ်လာပြီး သူ့ကိုအရမ်းခြယ်လှယ်သလိုဖြစ်မနေဘူးလား။ သည်အတွေးဝင်လာတော့ လက်သန်းကြွယ်က ပူလာသည်။

ရှန့်ယန်က သူ့ကိုအသာဖက်ပြီး ပူလာတဲ့ သူ့လက်ကို ခပ်ဖွဖွနမ်းပေးသည်။ ထိုအခါ နာကျင်မှုကပျောက်၏။

" ကျူးယင် မင်းက ဆိုးတာပဲ။ ကိုယ့်အပေါ် ဘယ်လိုများ သံသယ၀င်ရဲရတာလဲ"

ရှန့်ယန်ရဲ့ အပြစ်ပေးမှုကြီးကြောင့် ကျူးယင်ရဲ့ နှုတ်ခမ်းတစ်ခုလုံး ဖူးယောင်မတတ်ဖြစ်ရသည်။ ဆိုးဝါးလှတဲ့ ရှန့်ယန်ဟာ နှုတ်ခမ်းအယောင်ကျဖို့ နတ်အစွမ်းသုံးခွင့်မပေးပေ။

" ခဏ ခဏနေပါဦး ကျွန်တော်တို့စကားပြောရအောင် "

" အခုလည်း ကိုယ်တို့ ပြောနေတာပဲလေ"
ပြောရင်း သူ့မေးစေ့ကို ခပ်ဖွဖွ လာနမ်းသည်။

ယန်စွမ်းအားကြောင့် သူပြောင်းလဲလာသလိုဖြစ်ပြန်တော့ ကျူးယင် ရှန့်ယန့်ကို တွန်းလွှတ်ရတော့သည်။

YING &YANG ....Volume3 of Becoming Empress COMPLEDWhere stories live. Discover now