" ရိုးမြေကျတဲ့အထိ ငါ့အနားမှာအတူရှိပေးနိုင်မလား "

"ဟင် "

အတော်အတန်ကြာမှ ထွက်သည့် ချစ်သူနှုတ်ခမ်းဖျားက မထင်မှတ်ထားသည့် စကားသံခပ်တိုးတိုးကြောင့် ရိပ်ထင် တစ်ကိုယ်လုံးကြက်သီးများပင်ထကာ မျက်လုံးများပြူးကျယ်သွားသည်။ဒါ...ဒါက...ခြွေ သူ့ကိုလက်ထက်ခွင့်တောင်းနေတာလား...။ ရင်ခွင်ထဲမှ အကောင်ပေါက်အား မျက်နှာချင်းဆိုင်စေပြီး အံ့သြကြီးစွာ ကြည့်နေမိသည်။

" မိသားစုဆိုတဲ့အသိုက်အမြုံကို ငါအရမ်းမက်မောတယ် ငါ့ဘဝမှာ မိသားစု စုံစုံလင်လင်နဲ့ တစ်ခါမှ မနေခဲ့ရဖူးဘူး ဒါပေမယ့် ငါလိုချင်တယ် မှိုင်း ။ မင်းရယ် ငါရယ် ပြီးတော့ ငါတို့ရဲ့သွေးသားလေးရယ် မေမေကြီးရယ် နောက်ပြီး...မကြာခင်မှာ လွတ်လာတော့မယ့် ငါ့ဖေဖေရယ်....ခြွေရံမင်းဆိုတဲ့ နာမည်ကို ငါ့မေမေက အခြွေအရံပေါများခြင်းဆိုတဲ့ အဓိပ္ပါယ်ဆောင်ပြီးပေးခဲ့ပေမယ့် တကယ်တမ်းကျတော့ ငါ့အနားမှ အမြဲရှိခဲ့တာ ငါကိုယ်တိုင်ပဲဖြစ်နေခဲ့တယ်။ အထီးကျန်တာကို ငါမခံစားချင်တော့ဘူး မောင် ။ ငါတစ်ယောက်တည်းလည်း မအိပ်စက်ချင်တော့ဘူး "

" အိပ်ယာဝင်တိုင်း စောင်မလိုဘဲနွေးတဲ့ မင်းရင်ခွင်ရယ် မနက်နိုးလာတိုင်း ကလေးလေးလို ပါးစပ်အဟောင်းသားနဲ့ အိပ်မောကျနေတဲ့ မင်းမျက်နှာကို ငါ ငါအမြဲ မြင်တွေ့ချင်တယ် ။ ဘဝဆိုတာ တိုတိုလေးပဲလေ အတိတ်က အခက်အခဲတွေကို ငါတစ်ယောက်တည်း ရင်ဆိုင်ခဲ့ပြီးပြီ အခု ပစ္စုပ္ပန် နဲ့အနာဂတ်ကအခက်အခဲတွေကိုတော့ မင်းနဲ့အတူ ရင်ဆိုင်ချင်တယ် ။ ရှေ့ဆက်မယ့်အနာဂတ်မှာ ငါမင်းအတွက် တုတ်ကောက်လေးဖြစ်ပေးပါ့မယ် ဒီတော့....... "

ပါးပြင်ထပ်သို့ စီးဆင်းလာသော ပူနွေးသည့် မျက်ရည်တွေခြား ကောင်လေးနှစ်ယောက် ကြည်နူးစွာ ပြုံးရင်း နှုတ်ခမ်းထပ်အနမ်းတို့က မွတ်မွတ်သိပ်သိပ် ပျံကြဲလျက်....ဆုပ်ကိုင်ထားသည့် လက်တစ်စုံဟာ ဒီတစ်သက်တော့ ဘယ်တော့မှ ဖြုတ်ချတော့မည်မဟုတ်..........။

ရိပ်ထင်သည် ခြွေ့အား တင်းကျပ်စွာဖက်တွယ်ထား၍ ပါးပြင်တစ်လျှောက်စီးကျလာသော မျက်ရည်များကြား သွားညီညီလေးများပေါ်အောင် ရယ်လိုက်ပြီး ခေါင်းတဆက်ဆက် ငြိမ့်ကာ....

ခြွေ (ခြွေ) (Completed) Where stories live. Discover now