part 35(z+u)

18.8K 1.8K 42
                                    

⚠⚠⚠ age warning

ကလောမြို့၏ အအေးဓာတ်က စိမ့်နေတော့ မိုးမိလာသည့် ဝသာန့်အဖို့ ခိုက်ခိုက်တုန်နေအောင် ချမ်းတက်လို့နေပြီ။ အပြင်မှာ ရွာနေသည့် မိုးကလည်း သည်းလွန်းတာကြောင့် ဖုန်းလိုင်းက မိတစ်ချက် မမိတစ်ချက်နှင့်။ ဧည့်ခန်းကခုံလေးတွင် ထိုင်ကာ လက်ကဖုန်းကို တကြည့်ကြည့်နှင့် ခြွေ့ထဲသို့ ဖုန်းဆက်ရန် ဝေသာန်စိတ်လောနေ၏။

" ညီ....ဝသာန် ရေချိုးချင်ချိုးလို့ရပြီ ကိုယ် ရေနွေးစပ်ပေးထားတယ် "

တုန်တက်နေအောင် အေးလွန်းတာကြောင့် ဝသာန် ဟန်တောင်မဆောင်နိုင်တော့ဘဲ ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။ မိုးသည်းလျှင် မီးပျက်တတ်တာကြောင့် လျှပ်စစ်မီးကတော့ မရ။ ဒါကြောင့် ရေနွေးကို မီးမွှေးပြီးကျိုရသည်ကို ဝသာန် ရိပ်မိလိုက်သည်။ သို့ပေမယ့် သူအားမနာနိုင်တော့ တကယ်ပင် တကယ်လုံးခိုက်ခိုက်တုန်နေပြီ ရေနွေးနွေးနဲ့ ရေချိုးချလိုက်ရင်တော့ အချမ်းပြေကောင်းပါရဲ့။

" ကျေးဇူးတင်ပါတယ် အကို"

မင်းခန့်ချောက အပြုံးဖြင့် ကျေးဇူးတင်မှုကို လက်ခံလိုက်ပြီး ညစာစားဖို့ ပြင်လေသည်။ စားပွဲဝိုင်းကြီးကို ကြမ်းပြင်တွင် ချ၍ သူချက်ပြုတ်ထားသည့် ဟင်းလေးမျိုးလောက်ကို တည်ခင်းလိုက်သည် ။ ရှမ်းဆန် မွှေးမွှေးလေးနှင့် ထမင်းပျော့ပျော့က ပန်းကန်ထဲတွင် အငွေ့တထောင်းထောင်းဖြင့်။ ဝသာန်လည်း ရေချိုးခန်းထဲတွင် ကပျာကယာ ရေချိုး၍ လဲစရာအဝတ်မရှိတာမို့ ဒီင်္အကျီကိုသာ ပြန်ဝတ်၍ ထွက်လာခဲ့သည်။

" ဟော...ညီ အဝတ်လဲစရာမပါတာ မပြောဘူး ကဲ....ခဏစောင့် ကိုယ့် င်္အကျီယူပေးမယ် "

မင်းခန့်ချောသည် ရေချိုးခန်းမှ ထွက်လာသည့် ဝသာန်ကိုတွေ့သော် ထိုသို့ပြော၏။ ထို့နောက် ဝသာန့်စကားကိုမစောင့်ဘဲ သူ့အခန်းထဲသို့ ဝင်ကာ ပုဆိုးတစ်ထည်နှင့် င်္အကျီလက်ရှည်တစ်ထည်အား ယူ၍ ပြန်ထွက်လာသည် ။

" ရော့ ဒါလဲလိုက် ။ ဘယ်နှယ့် အစိုကြီး ပြန်ဝတ်ရတာတုန်း။ အအေးပတ်မယ် ဒီမှာ ရာသီဥတုက မှန်တာမဟုတ်ဘူး။ ညရောက်ရင် အရမ်းအေးမှာ လဲလိုက် ညီ ပြီးရင် ထမင်းစားကြတာပေါ့ "

ခြွေ (ခြွေ) (Completed) Where stories live. Discover now