ထိုင်းနိုင်ငံ၏ shopping center တစ်ခုတွင်ဖြစ်သည်........။
" ဟင် မောင်နဲ့ဆိုသေးမယ်ထင်တယ် "
ခြွေ့လက်ထဲမှ င်္အကျီကိုကြည့်၍ ရိပ်ထင်ပြောလိုက်ခြင်းဖြစ်သည်။အစိမ်းပုပ်ရောင် င်္အကျီပြောင်လေးက ဈေးကြီးမှန်းသိသာအောင် အသားလေးက အိစက်နေသည်။
" ဒါမင်းအတွက် မဟုတ်ပါဘူး "
ခြွေက လက်ထဲမှ င်္အကျီကို သေသေချာချာလေးကြည့်ကာ သဘောတကျရှိသည်။ ကိုယ့်အတွက် ဝယ်တယ်ထင်လို့ပြောလိုက်ပေမယ့် ကိုယ့်အတွက် မရည်ရွယ်ပါဘဲ ဒီအမျိုးသားလေးက ဘယ်သူ့အတွက်များဒီလောက်တောင် ရွေးနေရသနည်း။
" ဘယ်သူ့အတွက်လဲ "
" ဝသာန့်အတွက်လေ သူက ရိုးရိုးရှင်းရှင်းလေးတွေပဲကြိုက်တော့ ဒါလေးနဲ့ဆို သိပ်လိုက်မှာပဲ အရောင်ကလဲ သူနဲ့ ဟပ်နေမှာ "
ခြွေ့စကားကြောင့် ရိပ်ထင် ချက်ချင်း ဆူပုတ်သွားသည်။ နှာခေါင်းတစ်ချက်ရှုံ့ပြီး ဆိုင်ပြင်မှာ သွားရပ်နေသည်။ အင်း မကြီးမငယ်နဲ့ စိတ်ကောက်သွားပြီ။
ခြွေက ရိပ်ထင်ကို လှမ်းကြည့်ကာ ပါးမို့မို့လေးဖောင်းတက်သွားအောင် ပြုံးလိုက်ပြီး ကောင်တာသို့သွားကာ င်္အကျီလေးအား ငွေရှင်းလိုက်သည်။ ငွေရှင်းနေစဉ် ဆိုင်အပြင်ဘက်သို့ လှမ်းကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်နှင့် ကောင်လေးတစ်ယောက် က ရိပ်ထင်နှင့် ရပ်၍ စကားပြောနေသည်။ ခြွေ ကြည့်နေရင်း ဖြောင့်တန်းနေသော မျက်ခုံးတို့က တွန့်ချိုးသွားသည်။ အကြောင်းမှာကား ရိပ်ထင်က ကောင်မလေးအား တောင်းပန်နေပြီး ဘေးမှာရပ်နေသည့် ကောင်လေးက ရိပ်ထင်အား ရွှန်းရွှန်းစားစားဖြင့် ငေးကြည့်နေခြင်းကြောင့်ဖြစ်သည်။
" မှိုင်း ဘာဖြစ်နေတာလဲ "
င်္အကျီအိတ်ကလေး ကိုင်ကာ အနားရောက်လာသည့် ခြွေ့ကို ရိပ်ထင်က ကောင်မလေးဘက်ကို လက်ညိုးညွှန်ပြ၍
" ဒီမှာလေ မောင့်ကြောင့် ဒီကလေးမရဲ့ ရေမွှေးပုလင်းကျကွဲသွားလို့ မောင်လည်း အမှတ်တမဲ့ဆိုတော့ "
" သြော်...."
" ဒီကညီမက ပိုက်ဆံပေးတာမယူဘူးဆိုတော့ အစ်ကို အဲ့ရေမွှးကိုလိုက်ဝယ်ပေးပါ့မယ် အဆင်ပြေရဲ့လား တကယ်အားနာပါတယ် "
DU LIEST GERADE
ခြွေ (ခြွေ) (Completed)