part 18(z+u)

19.9K 2.4K 108
                                    

Part 18

ဆေးရုံ၌ ၂ရက်နေပြီးနောက် ကျနော် အဆောင်သို့ ပြန်ရောက်လာခဲ့သည်...။ရန်ပွဲအပြီးမှာ ကျနော်သည် ထိုကျောင်းသားနှစ်ဦး ဆေးလိပ်သောက်နေသည်မြင်၍ သွားတားရာမှ ခိုက်ရန်ဖြစ်ပွားခဲ့သည်ဟု မှတ်ချ၍ ကျနော့် ဘက်မှ အပြစ်တစ်စုံတစ်ရာတောင် မကျန်ခဲ့ပါ...။ ထိုကျောင်းသားနှစ်ဦးကတော့ တခြားကျောင်းသို့ပြောင်းလိုက်ရလေသည်။ ကျနော် ထိခိုက်သွားသည်ကို မေမေကြီး သိမှာဆိုး၍ အဆောင်မှူးနှင့် ဆရာ ဆရာမတွေသည် ကျနော့်အား အချိုသတ်ကာ ဖုံးကွယ်ထားလိုက်ကြသည်။ မေမေကြီးသိလျှင် ထိုသူတွေ အားလုံး အလုပ်ပြုတ်ကြမှာ ဧကန်ပင်။ ဆေးရုံ၌ ကျနော့် ခံစားချက်များကို ဖွင့်ချပြီးနောက် အခုထိ ကျနော် မှိုင်းအား မတွေ့ရသေးပါ။

"အန်တီ ကျနော် အခန်းပြောင်းလို့ရနိုင်မလား "

ကျနော့်အခန်းတွင် လူနာသတင်းလာမေးသည့် အဆောင်မှူးအဒေါ်ကြီးအား မေးလိုက်သည်။

" ဟင် ဘာအဆင်မပြေဖြစ်လို့လဲ သားရဲ့ "

" ကျနော် ကျနော့်အစ်ကိုနဲ့ နေချင်လို့ပါ "

" သားတို့မေမေက တူတူမထားနဲ့လို့ ပြောထားတော့....."

" ကျနော့် အစ်ကိုနဲ့နေတော့ ပိုအဆင်ပြေလို့ပါ စာလည်း ပိုကြိုးစားမှာပါ ကူညီပေးပါ အန်တီရယ် ဒါမှမဟုတ်ရင် မေမေကြီးကို ကျနော် ကိုယ်တိုင် ဖုန်းဆက်ပြီး ပေးလိုက်ပါ့မယ် "

" အာ....မ..မဟုတ်တာသားရယ်.. ရပါတယ် သားအစ်ကိုနဲ့တူတူနေလို့ရအောင် လုပ်ပေးမယ်နော် ရပါတယ် ဆက်စရာမလိုပါဘူး အဟင်းဟင်း "

ချက်ချင်းပင် မျက်နှာထားရောအသံပါ ပြောင်းသွားသော ထိုမိန်းမကြီးကိုကြည့်ကာ ခြွေ တစ်ခုတွေးမိသည်က....လူတွေက နည်းနည်းလေး ခြိမ်းခြောက်လိုက်ရမှ အသာတကြည်လက်ခံတတ်တဲ့ အမျိုးဆိုတာပဲ....။

" ဟုတ် ကျေးဇူးပါနော် "

"အဟင်းဟင်း ဟုတ်ပါပြီကွယ် နေကောင်းအောင်နေအုံးနော် အန်တီ အခန်းပြောင်းဖို့လုပ်ပေးပါ့မယ် "

"ဟုတ် "

ထိုမိန်းမကြီးထွက်သွားသော် တစ်ဖက်ကုတင်၌ စာကျက်ချင်ယောင်ဆောင်နေသည့် ယံယံ သည် ခြွေလှဲအိပ်နေသည့် ကုတင်ဘက်သို့ တက်လာ၍ ခြွေ့အား မျက်နှာငယ်လေးဖြင့် ကြည့်သည်။

ခြွေ (ခြွေ) (Completed) Where stories live. Discover now