part 29(Z+U)

19.8K 2.2K 67
                                    

လက်ကြားထဲမှ စီးကရက်အား ခပ်ပြင်းပြင်း ရှိုက်လိုက်ရင်း ရေကူးကန်ထဲ၌ ရွှေငါးလေးသဖွယ် ကူးခပ်နေသည့် ယောက်ျားပျို့၏ အလှကို တပ်မက်စွာ ကြည့်နေမိသည်။ စိမ်းပြာပြာ ရေကြည်၌ အတိုင်းသားမြင်နေရသည့် ထိုယောင်္ကျား၏ ကိုယ်လုံးပေါ် အလှက ရိပ်ထင်အခုသောက်နေသည့် စီးကရက်လိုပင် ဆွဲမက်ဖွယ်ကောင်းလွန်းသည် ။ ဖြူဖွေးသေးသွယ်သည့် ကျောပြင်တစ်လျှောက် နှင့် ကူးခပ်နေသည့် ခြေလက်လေးများသည် ရေကြည်ပြင်အောက်တွင် တရိပ်ရိပ်နှင့် ။ လှပလွန်းသော ရွှေငါးလေးသည် ကူးခပ်လို့ ဝ သွားပြီဖြစ်ရာ ရေကူး ကန်ဘောင်သို့ တက်လာတော့၏။ ကန်ဘောင်တွင် မောပန်းနေဟန်ဖြင့် လှဲချလိုက်ကာ အနားယူ၏။ ရေစိုနေသည့် ထို လူသား၏ အလှက ဘယ်စာဖွဲ့လို့ ဖွဲ့ရမှန်းမသိ။ ဖြူဖွေးနေသည့် ခြေချောင်းလေးများနှင့် ရေစို၍ ကပ်နေသည့် ခြေသလုံးမွှေးနုနုတွေက နေရောင်အောက်တွင် စိမ်းမြမြရယ်....။ ပေါင်လယ်သို့ လိပ်တက်နေသည့် ဘောင်းဘီက ဖြူဖွေးသွယ်လျသည့် ပေါင်သားဖွေးဖွေးထက်တွင် တင့်တယ်စွာ......။ မောဟိုက်၍ အောက်စီဂျင်ကို အသဲသန် ရှူသွင်းနေသည့် ဖောင်းလိုက်ပိန်လိုက် ဗိုက်သားတို့သည်လည်း ခပ်ယေးယေးကြွက်သားတို့်နှင့်....။ နို့နှစ်ရောင် အသားရည်ပေါ်တွင် ပန်းနုရောင် ပန်းချပ်လွှာ နှစ်ခုက ရေစိုနေသည်မို့ ပို၍ အသွေးကြွနေသယောင်ပင်။ မြစိမ်းရောင်သွေးကြောများ ယှက်ပေးနေသည့် လက်ချောင်းသွယ်သွယ်တို့က ရေစက်များ ကပ်ငြိနေသည့် အညိုရောင် ဆံပင်များ ကြားထဲတွင်ရယ်ပါ။ ခပ်ဝိုင်းဝိုင်းမျက်လုံးတို့ကို မှိတ်ထားပြီး စင်ရော်တောင် မျက်တောင်ရှည်များက ကော့ညွှန့်လို့၊ နှာခေါင်းလုံးလုံးရဲ့ ထိပ်လေးက ပန်းနုရောင်ဖျော့ဖျော့နှင့်၊ စိုလဲ့နေသည့် ချယ်ရီရောင် နှုတ်ခမ်းသားများအား လျှာနဲ့ သပ်လိုက်သည့် အခိုက်..............ရိပ်ထင် နှုတ်ခမ်းကြားထဲမှ စီးကရက်အား ယောင်ယမ်းကာ ကိုက်ခဲလိုက်၏ ။

"Shit!!! "

ထိုသို့ ဆွဲမာက်ဖွယ်ကောင်းသည့် ရေစိုအလှနှင့် ယောက်ျားသည် သူ့ဆီ အပြုံး နုနုတို့နှင့် တစ်လှမ်းချင်းလျှောက်လာပုံသည် ရိပ်ထင်၏ ရာဂစိတ်များကို တဟုန်ထိုး တက်လာသည်မို့ ရိပ်ထင် ခပ်တိုးတိုးလေးဆဲရေးလိုက်၏။

ခြွေ (ခြွေ) (Completed) Where stories live. Discover now