နှင်ခဲ့တဲ့သူရဲ့ ရင်ထဲကို ဝင်ကြည့်ပါဦးလား။
မသွားပါနဲ့ဆိုတဲ့ စကားသံတွေကို မင်းမှမကြားနိုင်ခဲ့တာ။
အရာအားလုံးက ကိုယ့်အပြစ်တွေပါ။
ကိုယ်နဲ့အစပြုလို့ ကိုယ်နဲ့ပဲအဆုံးသတ်တယ်။
ဒီဇာတ်လမ်းမှာ ကိုယ်ပဲခေါင်းဆောင်မင်းသား၊
ကိုယ်ပဲဗီလိန်။
မင်းကတော့ ကိုယ့်ရင်ထဲကို မြင်အောင်မကြည့်နိုင်ခဲ့
တဲ့ ပွဲကြည့်ပရိသတ်ပေါ့။

_____________________________

ကောင်လေးစိတ်နဲ့ တစ်ပတ်တိတိ အိမ်တွင်းအောင်း
နေခဲ့တဲ့ ​ရှောင်းကျန့်ဟာ အခန်းထဲက အခန်းပြင်တောင်
မထွက်ခဲ့ဘူး။ လျစ်လျူရှုခဲ့တဲ့ ဖုန်းမြည်သံတွေကလည်း
အကြိမ်ကြိမ်။ အခုချိန်မှာ သူအရာအားလုံးနဲ့ ​ဝေးရာကို
ထွက်ပြေးချင်တာပဲ သိတယ်။ဒါပေမယ့်လည်း နှလုံးသားကတော့ ပြန်မလာတော့မယ့် တစ်စုံတစ်ယောက်
ကို ​မျှော်လင့်နေတုန်းပဲ။

မင်းပေးတဲ့ ဒဏ်ရာကို မင်းကိုယ်တိုင် မကုသပေးနိုင်မှ
တော့ ..ဒီလူကသေပေးရုံပေါ့။

ငါမရှိတဲ့ မင်းဘဝက အဆင်ပြေနေပါ့မလား မသိပေမယ့် မင်းမရှိတဲ့ ငါ့ဘဝကတော့ အဆင်ပြေမနေခဲ့ဘူး
ကောင်လေးရေ...
ဒါပေမယ့်လည်း ဘာများတတ်နိုင်မှာလဲ
မင်းချန်ထားခဲ့တော့လည်း ကျန်ရစ်ခဲ့ရုံပေါ့။

တစ်ပတ်တိတိ အိမ်တွင်းပုန်းပြီးတဲ့နောက်မှာတော့
ရှောင်းကျန့် အရာရာကို အသစ်က ပြန်စဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီအတိုင်း တစ်သက်လုံး ခံစားနေလည်း
ကောင်လေးက ပြန်လာမှာမှ မဟုတ်တော့တာ။

ကမ်းလင့်မယ့် လက်တစ်စုံမရှိပေမယ့် ပြန်ထနိုင်
အောင် ကြိုးစားပါမယ်။ ချန်ထားခဲ့တဲ့မင်း ​နောက်ဆံ
မတင်းအောင်လို့ပါ။

ပထမဆုံး အလုပ်ကို သွားဖို့ ပြင်ဆင်လိုက်တယ်။
အလုပ်မသွားတဲ့ ဒီတစ်ပတ်အတွက် ဆိုင်ရှင်ကို
ဖြေရှင်းချက်ပေးဖို့ကိုလည်း စဉ်းစားရသေးတယ်။
အိမ်ကနေ ထွက်လာလာချင်းမှာပဲ အဖိုးEllenနဲ့​တွေ့တယ်။ အဖိုးက ​ရှောင်ကျန့်ကို မြင်တော့ လှမ်းနှုတ်
ဆက်တယ်။

"ကောင်လေး...မတွေ့တာ​တောင်ကြာပြီနော်"

"ဟုတ်။ကျွန်တော်အပြင်သိပ်မထွက်ဖြစ်လို့ပါ"

Imaginary You(Completed)Where stories live. Discover now