ᴛᴡᴇɴᴛʏ ғᴏᴜʀ

3.6K 384 10
                                    

[Zawgyi]

Cafe shopလေးတခုတွင်ထိုင်ရင်းခွက်လေးကိုသာတင်းတင်းကိုင်ထားပြိး ကော်ဖီတငုံတောင်မသောက်နိုင်အောင်စိတ်လှုပ်ရှားနေတဲ့ Saeyoung

Nana‌ပြောပြလို့အကြောင်းစုံသိပြိးတဲ့အခါမှာတော့ ဘင့်အပေါ်နားလည်လာတယ်။ ကို့ရဲ့မိသားစုဝင်အတွက် အနစ်နာခံနိုင်တဲ့ ဘင်ဘင်ကိုပိုပြိးအထင်ကြိးမိတယ်။

အခုလည်းnanaရဲ့အကူအညီနဲ့ပဲ ဘင်နဲ့တွေ့ဖို့ cafe shopမှာလာစောင့်နေမိတယ်။ ခနအကြာ cafe shop‌ဝင်ပေါက်က ခေါင်လောင်းသံလေးနဲ့အတူ ဝင်လာတဲ့လူတယောက်။

ဘင်ဘင်ဖြစ်ပါစေဆိုတဲ့အတွေးနဲ့ လှည့်ကြည့်မိတယ်။ တကယ်..တကယ် ဘင်ဘင်ပဲ။ မတွေ့တဲ့ ခြောက်နှစ်အတွင်းပြောင်းလဲသွားလိုက်တာဘင်ရယ်။


ကျနော် မမအ‌ရေးတကြိး‌ပြောစရာရှိတယ်ဆိုလို့ချိန်းထားတဲ့နေရာကိုလာလိုက်တယ်။ ဒါပေမယ့် ဟိုရောက်တော့တွေ့လိုက်ရတာက မမ မဟုတ်ပဲ Saeyoungဖြစ်နေတယ်။


ကျနော်အကြောင်းပြချက်မရှိပဲ Saeyoungနဲ့လမ်းခွဲခဲ့မိတဲ့အတွက် တရက်မှလူကောင်းတယောက်လိုမရှင်သန်နိုင်ခဲ့တာ ဒီ‌နေ့ဒီအချိန်ထိပဲ။

အခုsaeyoungကိုပြန်တွေ့ရတာ အတိုင်းမသိပျော်တယ်။ အရင်တုန်းကလိုပဲ ရင်ခုန်သံတေ‌‌နွေး‌ထွေးဆဲပဲ။ ဒါပေမယ့် ဒီ‌ခြောက်နှစ်အတွင်းsaeyoung လည်းအသစ်တယောက်ရနေလောက်ရောပေါ့။ ကျနော်ရင်ဆိုင်နိုင်စွမ်းမရှိလို့ လှည့်ပြန်ဖို့လုပ်မိတယ်။

" ဘင်ဘင်"

ကျနော့်နောက်ကျောကနေကြားလိုက်ရတဲ့သူမရဲ့အသံလေး။ ဩရှရှလေးနဲ့ အရင်တိုင်းပါပဲလား။ ကျနော်လှည့်မကြည့်ဖို့ဆုံးဖြတ်လိုက်ပြိး ဆက်သွားမယ်အလုပ်မှာ...

" ဘင် ထပ်ထွက်သွားအုန်းမလို့လား Saeyoung အရာအားလုံးသိပြိးပြိဘင် အရာအားလုံးကိုနားလည်ပေးနိုင်တာမို့ Saeyoungတို့တစ်ကနေပြန်စရအောင် ဘင်"

ကျနော် သူမဖက်လှည့်လိုက်ကာ

" မဖြစ်နိုင်တော့ဖူးsaeyoung ကိုယ်က ကိုကအမနားမှာပဲ..."

" ဘင်နဲ့တွေ့ဖို့ nanaကိုယ်တိုင် Saeyoungကိုဒီ‌ခေါ်လိုက်တာဘင် nanaကအရာအားလုံးကိုလက်ခံနိုင်နေပြိ saeyoungလည်းအစကနေပြန်စဖို့ ဆုံးဖြတ်ပြိးပြိ ဘင်သာ..ဘင်သာ လက်ခံမယ်ဆို Saeyoungတို့အရင်ကလိုအချိန်တေကို ပြန်ပိုင်ဆိုင်ရတော့မှာလေ ဘင်"

Loved You But... (✔︎)Where stories live. Discover now