[Zawgyi]
ကျမစိတ်တေအရမ်းရှုပ်နေတယ် ရုံးဆင်းချိန်ပေမယ့် အိမ်မပြန်ချင်ဖူး အိမ်ပြန်ရောက်ရင်တွေ့ရမယ့်မျက်နှာကိုရွံတယ် ဒါကြောင့်ဆုံးဖြတ်လိုက်တာကဒီညတော့ barမှာညည့်နက်တဲ့ထိအချိန်ဖြုန်းပစ်ဖို့ပဲ
ထိုချိန်ကျမဘေးရောက်လာသောလူတယောက်.. ကျမဘာရယ်မဟုတ်လှည့်ကြည့်မိတော့ သူ.. jeon jungkook .. သူမှာလည်းစိတ်ညစ်စရာတေများရှိလို့လား..
ဟက် တွေးရဲတယ်.. ငါရှိနေတာကိုက သူ့အတွက်စိတ်ညစ်စရာလေ..
သူကကျမကိုတွေ့တာနဲ့ လှည့်ပြန်ဖို့လုပ်တော့ ကျမသူ့လက်ကိုပြန်ဆွဲလိုက်မိတယ်.. သူက မျက်မှောက်ကြုတ်ကာပြန်လှည့်ကြည့်လာတယ်... ကျမဘာလို့ဆွဲမိလဲ ကိုယ့်ကိုယ်ကိုမသိပေမယ့် သူ့ကိုထွက်မသွားစေချင်ဖူး....
" ကျမနဲ့ အတူသောက်ကြမလား"
သူကတော့ မျက်နှာတည်ဖြင့်ပင်..
" ငါဘာမှမပြောခင်လွတ်လိုက်"
" ရှင်လည်းစိတ်ညစ်စရာတေရှိလို့လာတာမလား solo drunkက စိတ်ညစ်စရာတေကိုမဖြေပျောက်စေဖူး "
ကျတောလည်းအမှန်တော့သူမ ပြောသလိုပဲစိတ်ညစ်နေလို့ပါ.. ဘာကြောင့်စိတ်ညစ်တယ်ရယ်မဟုတ်ပဲ ကျတော့ဖြစ်တည်မှုကိုက စိတ်ညစ်စရာကောင်းနေတာပါ.. သူမ ကမ်းလှမ်းချက်ကိုငြင်းမနေတော့ပဲ ကျတောပြန်ထိုင်လိုက်တယ်
နာရီအတော်ကြာထိသူမ နဲ့ကျတောဘာစကားမှမပြောပဲ ကျတောတို့နှစ်ယောက်ကြားလေထုကငြိမ်သက်နေတယ်.. ဘာစကားမှမပြောဖြစ်လေ ပိုသောက်မိလေဆိုတော့ ကျတောအနည်းငယ်တော့အသိလွတ်လာပြိ.. လုံးဝလူစိတ်ပျောက်တဲ့အထိတော့မမူးသေးပါဖူး..
ကျတောသာမန်အချိန်မှာမေးဖို့ မမေးဝံ့ခဲ့တဲ့မေးခွန်းတချို့ကို အခုလိုချိန်မှာမေးဖို့ဆုံးဖြတ်လိုက်တယ်..
" Go haemi"
ထူးဆန်းတယ်.. ကျမက ဒီအချိန်ကိုတိတ်ဆိတ်မှုတေနဲ့ပဲပြိးသွားမယ်ထင်တာ.. သူဘက်ကစကားစပြောလာတယ်..
" ဟင်"
" ငါတခုမေးမယ် ဒိမေးခွန်းကိုတော့မုသားမပါပဲအမှန်တိုင်းဖြေပေး"
VOUS LISEZ
Loved You But... (✔︎)
Fanfictionသိပ်ချစ်ခဲ့မိပါသည်။ သို့သော်... ________________ သိပ်ချစ်ခဲ့မိပါသည်။ သို့သော်... A Jeon Jungkook FanFiction. Cremie's first completed fiction. April 16, 2020 - June 20, 2020 #cremie