Two

4.7K 428 18
                                    

Unicode

' ဒီနေ့ LaLa ကအဖွဲ့မှူးသစ်လာမယ်တဲ့'

'ငါကတွေ့တောင်တွေ့ပြီးပြီ'

'ဟုတ်လား ဘယ်လိုနေလဲ'

'တော်တော်လှတယ်။ ကျက်သရေရှိတယ်ဆိုပိုမှန်မှာ။ ထက်မြက်တဲ့ပုံပဲ'

'ဟုတ်လား..... '

ဓာတ်လှေကားထဲတွင်ဝန်ထမ်းသမလေးများရဲ့စကားသံများကိုကျွန်မကြားမိသည်။ ကျွန်မအကြောင်းချီးမွမ်းခန်းဖွင့်နေဟန်။ ကျွန်မလည်း ကျွန်မအဖွဲ့မှူးပါလို့ မိတ်မဆက်တော့ပါ။ နောက်လည်းသိလာမှာပဲလေ...။

Ground floor ရောက်တော့ ကျွန်မထွက်လာခဲ့သည်။ ကုမ္ပဏီရှေ့ကMoon Cafeမှာကျွန်မလူတစ်ယောက်နဲ့ချိန်းထားတော့ကုမ္ပဏီအပြင်ကိုထွက်လာခဲ့သည်။

ဆိုင်ထဲရောက်တော့ရောက်နေပါပြီ..ကျွန်မချိန်းထားတဲ့ လူ..။

'မေမေရောက်နေတာကြာပြီလား'

ကော်ဖီတစ်ချက်သောက်ပြီးတည်ငြိမ်စွာပြန်ဖြေလာတဲ့ကျွန်မမေမေ။ မေမေကသိပ်ပြိးကျက်သရေရှိတာ ကျွန်မမေမေ့လိုမိန်းမတစ်ယောက်အရမ်းဖြစ်ချင်တာ...။

'မကြာသေးဖူးhaemi။ ဒါနဲ့ကုမ္ပဏီပတ်ဝန်းကျင်မှာ မေမေလို့မခေါ်ရဖူးလေ haemi'

'အား..... ဟုတ်သားပဲ haemi‌မေ့သွားတာ ဒေါ်လေး'

'ဒါနဲ့ ဒီနေ့ကိစ္စကအဆင်ပြေရဲ့လား။ စီစဉ်ထားသလိုပဲလား '

'ခုထိတော့အဆင်ပြေနေတယ် မေ... အဲ ဒေါ်လေး'

မေမေရုတ်တရက်ကျွန်မလက်ကိုဆုပ်ကိုင်လာသည်..။

'haemi... သမီးကိုယုံတယ် သမီးလုပ်နိုင်ပါတယ်'

ကျွန်မမေမေ့လက်ကိုပြန်ဆုပ်ကိုင်လိုက်ပြီး...

'သမီးအကောင်းဆုံးလုပ်ပါ့မယ်'

'ဒီကိစ္စတွေအားလုံးပြီးသွားရင် Canada က LaLa legend ကိုပြန်မယ် LaLa ကhaemiအတွက်ပဲ ဒေါ်လေးကြိုးစားထားတာ။ အရာအားလုံးပြီးသွားရင် LaLaကhaemiအပိုင်ပဲ'

'ဒေါ်လေး ဒီကိစ္စတွေအားလုံးပြီးသွားရင် LaLaလိုမျိုးပိုင်ဆိုင်မှုမဟုတ်ပဲ ဒေါ်လေးနဲ့သမီး ဒီနေရာနဲ့အဝေးဆုံးတစ်နေရာထွက်သွားပြီး သာမန်ဘဝလေးတစ်ခုနဲ့အခြေချချင်တယ်'

Loved You But... (✔︎)Where stories live. Discover now