Part - 5 ~ Losing Family

Depuis le début
                                    

အိမ်ပြန်ရောက်တော့ ရှောင်ကျန့်က ညအိပ်ဝတ်စုံလေး လဲထားသည် ညအိပ်ဝတ်စုံလေးက ပခုံးသားလေးတွေ ပေါ်နေတာက သူ့ကိုလာစားလှည့်ပါ မြူစွယ်နေသလိုပဲ ရိပေါ်တံတွေး တစ်ချက်မျိုချလိုက်ပြီး ရှောင်ကျန့်ဆီသွားလိုက်သည် ရှောင်ကျန့်ရဲ့ လက်နှစ်ဖက်ကိုနံရံမှာ ကပ်လိုက်တော့...

'' အာ ရိပေါ် ဘာဖြစ်နေတာလဲ ''

''ယုန်ဆိုးလေးက မြူစွယ်မှတော့ ခြသေ့ကြီးက ဥပုပ်စောင့်ရရိုးလား ''
ရိပေါ်ကပြောပြီး ရှောင်ကျန့်ကိုနမ်းကာ လည်ပင်နားလေးကိုအသာလေး မှုတ်လိုက်သည် ။

''အား..ရိပေါ် ခ်ခ် ယားတယ်လို့ ''
ရိပေါ်ကရှောင်ကျန့်ရဲ့ အထိမခံတဲ့လည်ပင်းနားလေးတွေ နားအနောက်နားလေးတွေကို တဖူးဖူး မှုတ်တော့ ရှောင်ကျန့်ကယားလို့ တလှိမ့်လှိမ့် ရယ်တော့သည် ။ ရိပေါ်ကလဲ အလျော့မပေးဘဲရှောင်ကျန့်ရဲ့ရင်ဘတ် သူ့ရဲ့လက်နဲ့ ပွတ်လိုက် ကျောကုန်းကိုပွတ်လိုက်နဲ့ ။

'' ရိပေါ် မင်းတစ်ရက်လောက် အလွတ်ပေးလို့မရဘူးလား'' ရှောင်ကျန့်ကရိပေါ်ရဲ့ခါးကိုဖတ်ကာ ပြောသည် ။

''မရဘူး ''
ပြောပြီးရှောင်ကျန့် ကိုမချီလိုက်တယ် ရှောင်ကျန့်ကလဲ ရိပေါ်ခါးကို ခြေထောက်နှစ်ချောင်းနဲ့ ခွချိတ်လိုက်သည် သူ့ကိုချိတ်ပြီးပါလာတဲ့ ရှောင်ကျန့်ကြောင့် သူတစ်ချက်ပြုံးမိတယ် ရှောင်ကျန့်ရဲ့တင်ပါးလေးကို တစ်ချက်ရိုက်လိုက်ပီး ကုတင်ပေါ်ကိုချလိုက်သည် ။

ဒီနေ့ညအတွက်အချစ်စခန်း ထလို့အပြီးမှာ ရှောင်ကျန့်ကတော့နှစ်ချိုက်စွာ အိပ်ပျော်သွားသည် ရိပေါ်ကတော့ ရေဆာလို့ အိမ်အောက်ထပ်ကို ဆင်းမလို့လုပ်တော့ အိပ်ပျော်နေတဲ့ ရှောင်ကျန့်မျက်နှာလေးကို ငုံနမ်းလိုက်ကာစောင်ကို ရင်ဘတ်ထိဆွဲခြုံပေးပြီး ရေသောက်ဖို့ အောက်ကိုဆင်းလာခဲ့သည် ။

ရိပေါ် ထမင်းစားခန်းထဲ မီးမဖွင့်တော့ဘဲ ရေထည့်သောက်ပြီး ပြန်အထွက်တစ်ခုခုကို ထိမိတာကြောင့် ငုံကြည့်လိုက်သည် ။

''ပါး ပါး သတိထားဦး ''
ပါးကထမင်းစားခန်းထဲမှာ မေ့လဲနေတာကို ရိပေါ်တွေ့တော့ ပါးကိုဆွဲထူပြီး ခေါ်သော်လဲ နိုးမလာတာကြောင့် ရိပေါ်ကားသော့ကိုယူကာ ဆေးရုံကိုသွားဖို့ လုပ်ရတော့တယ် အသံတွေကြောင့် ရှောင်ကျန့်လဲနိုးလာပြီး ညအိပ်ဝတ်စုံဖရိုဖရဲနဲ့ အောက်ထပ်ကို ပြေးဆင်းလာသည် ။

Hate is Love  { Complete }Où les histoires vivent. Découvrez maintenant