စိုင်းဝီလျံဟိဏ်း တစ်ယောက် နောက်ဆုံးလက်ကျန် စီးကရက်ကို ဖွာလိုက်ကာ စီးကရက်ကို အပြင်ဘက်သို့ လွင့်ပစ်လိုက်သည်။ ထိုချိန် ကားမောင်းနေတဲ့ မောင်သက်က စကားစ‌ ပြောလာလေသည်။

"ဆရာ ဟိုတယ်ကို အရင်သွားမှာလား"

"မသွားသေးဘူး ငါ့ညီ ကုမ္မဏီကို အရင်၀င်ကြည့်အုန်းမယ်" ဆိုကာ စိုင်းဝီလျံဟိဏ်း တိုတိုတုတ်တုတ်သာ ပြန်ပြောလိုက်သည်။

"ဟုတ် အဲ့တာဆို ကျွန်တော် ကုမ္မဏီကိုဘဲ မောင်းလိုက်တော့မယ်နော်"

"အေ"လို့ စိုင်းဝီလျံဟိဏ်း ဖြေလိုက်ပြီး ကားမှန်ဖွင့်ထားတာကို ပြန်ပိတ်လိုက်သည်။

အခုလည်း စိုင်းဝီလျံဟိဏ်းမှာ လားရှိုးတွင် စီးပွားရေးနယ်ချဲ့ဖို့ ရောက်လာခဲ့တာ ဖြစ်သည်။ အဖေဖြစ်သူ ဦးရှိုင်းတေဇဟိဏ်း၏ ခွင့်ပြုချက်ကြောင့် လားရှိုးတွင် ဆောက်လုပ်မည့် ဟိုတယ် ပရောဂျက်အတွက် မြေကွက်လာကြည့်ခြင်း ဖြစ်လေသည်။ ပြီးနောက် ညီဖြစ်သူ ဇာမဏီဟိဏ်းကိုလည်း တွေ့ချင်တာကြောင့်လည်း ပါတာ ဖြစ်ချေသည်။

ကားလေးဟာ လားရှိုးမြို့တွင်းထဲ မောင်းနှင်လာရင်းကနေ
ကားတွေခင်းကျင်းထားတဲ့ 'Shine Company' ရှေ့တွင် ရပ်သွားလေတော့သည်။ စိုင်းဝီလျံဟိဏ်းလည်း ကားပေါ်ကနေ ဆင်းလိုက်ပြီး ကုမ္မဏီထဲ တန်း၀င်သွားလိုက် တော့သည်။

ကုမ္မဏီထဲ ၀င်သွားလိုက်ပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ပုံစံဖြင့် ခန့်ခန့်ညားညားဖြင့် လျှောက်သွားလိုက်သည်။ ကုမ္မဏီက နှစ်ထပ်တိုက်လေးဖြစ်တာကြောင့် စိုင်းဝီလျံဟိဏ်းမှာ အပေါ်ထပ် တက်ဖို့ပြင်လိုက်သည်။ ထိုချိန် ကောင်တာက မိန်းကလေးက ရောက်လာကာ လာတားလေတော့သည်။

"ဟိုလေ ဘယ်သူလဲမသိဘူးရှင့်၊ ဆရာက အခု ဧည့်သည်တွေ့နေလို့ပါ"

"ငါဘယ်သူလဲဆိုတာကို ပြောနေရအုန်းမှာလား" ဆိုကာ
စိုင်းဝီလျံဟိဏ်း တစ်ယောက် ဘောင်းဘီအိတ်ကပ်ထဲ လက်နှိုက်ထားရင်း ပြောလိုက်သည်။

"အော်.....ဟုတ်ကဲ့ရှင့် လုပ်ငန်းနဲ့ ပတ်သက်ပြီးဆွေးနွေးဖို့ဆိုရင် ကြိုတင် ချိန်းဆိုထားခြင်းရှိမရှိ စစ်ရမှာမလို့ပါ"

အချစ်စစ်ဖြစ်ခဲ့ပါလျှင် [If It was True Love]{Complete}Where stories live. Discover now