6:လူရှုပ်ကလေး

Start from the beginning
                                    

&&&&&&&&&&&&&&&&&&&&

"ကလောင်...ကလောင်...ကလောင်...."

မုန့်စားဆင်းချိန် ရောက်ပေပြီ။ တစ်မနက်လုံး ဆရာမများမှ တစ်ယောက်ပြီးတစ်ယောက် အဆက်မပြတ် သင်သွားပေမယ့် ခေါင်းထဲမှာတော့ ဘာဆိုဘာမျှ မကျန်ခဲ့ပေ။ ကျောင်း စာကလွဲလျှင် အကုန်ထူးချွန်သော ကျွန်တော့်အတွက်တော့ မထူးဆန်းတော့ပေ။

ထူးဆန်းသည်ကတော့ လာချေပြီ။

"အကို..ခဏထိုင်မယ်နော်!....." ဟူ၍ ကောင်မလေးတစ်ယောက် ရောက်လာကာ မျက်နှာချင်းဆိုင် လာထိုင်လေသည်။ တခြားအခန်းက မိန်းကလေးတစ်ယောက် ဖြစ်၍ ကိစ္စ အထွေအထူးရှိလားမသိနိုင်သောကြောင့် ချိုချိုသာသာ ပင်

"ထိုင်ပါ...ရပါတယ်.." ဟုပြောတော့

"သူနဲ့အကိုက..ခြံချင်းကလည်း...သိပ်မဝေးတော့..လူကြုံလေးပေးလိုက်ချင်လို့ပါ!............"

ကျွန်တော် သူမဘာပြောမှန်း နားမလည်၍
" သူ.......လူကြုံပေးမယ်!......ဘယ်သူ့ကို....ဘာပေးရမှာလဲ?... မရှင်းဘူး...... "

" သြော်....သူဆိုတာ..သွေးသစ်ကိုပြောတာပါ.....လူကြုံပေးမယ်ဆိုတာကလည်း...ဒီစာလေးနဲ့....လက်ပတ်ကလေးကိုပြောတာပါ......"

"..............."

"သွေးသစ်က...အိမ့်မှူးကို...လွန်ခဲ့တဲ့ ၃ ရက်က...အဖြေတောင်းထားတယ်လေ...အဲ့ဒါသူ့အချစ်ကို..လက်ခံရင်..စာပြန်ပေးပါဆိုလို့.....တစ်ခါတည်း..အမှတ်တရပစ္စည်းလေးပါ..ထည့်ပေးလိုက်တာ....ဆက်ဆက်ပေးပေးနော်..အကို.." ဟုပြောပြီး ကမန်းကတန်း ပြန်သွားလေသည် ။

ဟင်...သူကလေးက လွန်ခဲ့တဲ့ ၃ရက်က အဖြေတောင်းတယ်.. ကျောင်းတက်တာခုမှ တစ်ပတ်ပြည့်တယ် ဘယ်အချိနိကတည်းကများ..အံသြစရာပါလား...ဒါတောင် အထက်တန်းကျောင်းသားပဲရှိသေးလို့ University ဆိုလိုကတော့.. ဟူ၍ တစ်ယောက်တည်း နားမလည်နိုင်အောင် အဖြေရှာမရ ဖြစ်နေစဥ်

"အကို...မုန့်မဝယ်ဘူးလား...ဘာထိုင်လုပ်နေတာလဲ.." ဟူ၍ သွေးသစ် သူငယ်ချင်းသုံးယောက်ရောက်လာလေသည်။

ကျော်စွာထွန်း၊ သော်မင်းလတ်၊ ငြိမ်းမင်းသူ ဆိုသည့် ဖော်ရွေစရာကောင်းသော သူငယ်ချင်းသုံးယောက် က ကျွန်တော့်လက်ထဲမှ ဘူးသေးသေးလေး တစ်ခုနှင့် စာကိုမြင်သွားလေတော့ ကျော်စွာထွန်း ဆိုသည့် ကျော်ကြီး က

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Where stories live. Discover now