Part -2 ~ First Meet

Comenzar desde el principio
                                    

"ရိပေါ် ခဏလာပါဦး ''
ရိပေါ်လည်း ပါးအခန်းထဲဝင်သွားလိုက်သည်။ ပါးအတွက်ဝိုင်ထည့်ပေးလိုက်ပြီး
သူ့ခွက်ထဲကိုလည်းဝိုင်ထည့်လိုက်သည် ပါးက ဝိုင်ခွက်ကိုယူလိုက်ပြီး မသောက်သေးဘဲ ဝိုင်ခွက်ကိုမွှေနေလေသည်။

"ရိပေါ် မနက်ဖြန်ကစပြီး ကုမ္ပဏီမှာအလုပ်ဆင်းတော့''

ရိပေါ်ဝိုင်ကိုသောက်ဖို့နှုတ်ခမ်းနားတေ့ခါနီး ပါးရဲ့စကားကြောင့် ခပ်ဟဟရယ်လိုက်ကာ ဝိုင်ကိုတစ်ငုံသောက်လိုက်သည်။

"အော် ကျွန်တော့်ကိုရှိမှန်းသိသေးသားပဲ ဘယ်တုန်းကများ ကျွန်တော့်အကြောင်းကို စိတ်ဝင်စားသွားတာလဲ''

"ဝမ်ရိပေါ်!! ''

"ကျွန်တော့်နာမည်ကိုတောင်မေ့နေပြီထင်တာ အိမ်ကိုပြန်မလာတာကြာတဲ့ပါးက အိမ်ကိုပြန်လာပြီး သူစိမ်းတစ်ယောက်ကိုပါ ခေါ်လာပုံထောက်ရင်သူက ပါးအတွက် တော်တော်အရေးပါမယ့်သူထင်တယ်နော် ''

"ဝမ်ရိပေါ်တော်တော့ မင်းနဲ့ ဒီလိုစကားများဖို့ခေါ်တာမဟုတ်ဘူး''

"ဘာလဲ မနက်ဖြန် ကုမ္ပဏီ မှာအလုပ်ဝင်လုပ်ဖို့မလား ကျွန်တော် ဘယ်တုန်းကများပါးစကားကို လွန်ဆန်လို့ရခဲ့ဖူးလို့လဲ ပြောချင်တာဒါပဲမလား ကျွန်တော်ပင်ပန်းလို့သွားတော့မယ် ''
ရိပေါ်အခန်းထဲကထွက်ဖို့တံခါးဖွင့်ခါနီး

"မင်း ဟိုကလေးကို ဂရုစိုက်လိုက်ပါကွာ''
ရိပေါ် မဲ့ပြုံးပြုံးပြီး ရယ်လိုက်မိသည်။

"Hk ! သားအရင်းကို နှစ် ၂၀လောက် လျစ်လျူရူခဲ့ပြီး၊ အခုသူစိမ်းကိုကျ သူငယ်ချင်းသားမလို့ ဂရုစိုက်ပေးတယ်တဲ့လား ကျွန်တော်က သူစိမ်းလောက်တောင် တန်ဖိုးမရှိဘူးလား တစ်ခါတလေ စဉ်းစားမိတယ် ကျွန်တော်က ပါးရဲ့သားအရင်းမှဟုတ်ရဲ့လားလို့ ''

ရိပေါ်, ပါးရဲ့အမိန့်ကြောင့်ရုံးသွားဖို့ အင်္ကျီရွေးနေချိန်,
တံခါးခေါက်သံကြောင့် သွားဖွင့်လိုက်သည်။

"ဟို...ဟို အောက်မှာ ဦးလေးက ထမင်းစားဖို့ခေါ်ခိုင်းလိုက်လို့ပါ''

Hate is Love  { Complete }Donde viven las historias. Descúbrelo ahora