ရိပေါ်ကပြောတာမဖြစ်နိုင်မှန်းသူရောရိပေါ်ရောနှစ်ယောက်စလုံး စိတ်ထဲမှာသိကြပါသည်။

__________________________________

"ကြင်ယာတော်လေး....ကိုယ်ရံတော်ဝမ်ကတွေ့ခွင့်တောင်းပါတယ်..."

ဖေးဖေးရဲ့လျှောက်တင်မှုကြောင့်ရှောင်းကျန့်လန့်သွားပြီးလက်ထဲက ကိုင်ထားတဲ့ရေနွေးခွက်ပြုတ်ကျမလိုတောင်ဖြစ်သွားသည်။မင်္ဂလာပွဲပြီးတည်းကရိပေါ်နဲ့မတွေ့ဖြစ်တော့တာ။ရှောင်းကျန့်စိတ်ကိုငြိမ်အောင်ထိန်းလိုက်ပြီး ဖေးဖေးကိုပြန်ပြောလိုက်သည်။

"ဝင်ခိုင်းလိုက်ပါ ....."

ရိပေါ်ကသူ့ကိုမြင်တော့ဦးညွှတ်ကာနှုတ်ဆက်သည်။မတွေ့ဖြစ်တာကြာပြီဖြစ်တဲ့ချစ်ရသူရဲ့မျက်နှာကို ရှောင်းကျန့်ငေးမောနေမိသည်။ရိပေါ်ပိန်သွားလိုက်တာ။အချိန်အနည်းငယ်လောက်ကြာအောင် ငေးကြည့်နေပြီးမှ လက်ထဲကရေနွေးခွက်ဆီသို့အာရုံကိုပြန်ပို့လိုက်သည်။

"ဘာကိစ္စရှိလို့လဲကိုယ်ရံတော်ဝမ်......"

"ကြင်ယာတော်ကိုကျွန်တော်မျိုး အကူအညီတောင်းစရာရှိလို့ပါ...."

ရိပေါ်ရဲ့"ကြင်ယာတော်"ဆိုတဲ့အခေါ်အဝေါ်ကြောင့်ရေနွေးခွက်ကိုကိုင်ထားတဲ့ရှောင်းကျန့်ရဲ့လက်လေးမသိမသာတုန်ယင်သွားရသည်။

"ပြောပါ....ကျွန်တော်တတ်နိုင်တဲ့ဟာဆိုကူညီပါ့မယ်...."

ရိပေါ်ကသက်ပြင်းတစ်ချက်ကိုချလိုက်ပြီး ဆိုလာသည်။

" ဘဏ္ဍာငွေအမှုကို အိမ်ရှေ့စံမင်းသားနဲ့ကြင်ယာတော်ကစီမံတယ်လို့ကျွန်တော်မျိုး ကြားရပါတယ်။ကျေးဇူးပြုပြီးပြစ်ဒဏ်ကိုလျှော့ပေးလို့ရမလား...."

ရိပေါ်ကိုပြန်မဖြေဘဲအနောက်နားမှာရပ်နေတဲ့ဖေးဖေးနဲ့ အစေခံမလေးတွေအားလုံးကိုရှောင်းကျန့်ထွက်သွားခိုင်းလိုက်သည်။အခုဆိုရင်အခန်းထဲမှာရိပေါ်နဲ့ရှောင်းကျန့်နှစ်ယောက်တည်းသာ ကျန်တော့သည်။ရှောင်းကျန့်ကပိုးသားစလေးနဲ့ထုပ်ထားတဲ့အထုပ်တစ်ထုပ်ကို ရိပေါ်ရှေ့သို့ပေးလိုက်ကာဖွင့်ကြည့်ဖို့ပြောသည်။ရိပေါ်ဖွင့်ကြည့်လိုက်တဲ့အခါ တွေ့လိုက်ရတာကဘဏ္ဍာငွေတွေ။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)जहाँ कहानियाँ रहती हैं। अभी खोजें