"ကောင်လေးအနားမှာရှိနေရင် ကိုယ့်အတွက်အရာရာ ပြည့်စုံသွားသလိုခံစားရတယ်။ ကိုယ်မင်းကိုချစ်တယ်....။ မဟုတ်သေးဘူး..မကောင်းဘူး။ ​နောက်တစ်မျိုး စဉ်းစားစမ်း"

"ကိုယ့်ဘဝကို မင်းနဲ့အတူ ထာဝရကုန်ဆုံးပါရစေ။
ကိုယ်မင်းကိုချစ်တယ်။ ကိုယ့်အချစ်ကိုလက်ခံပေးပါ.....။အာ....ဒါလည်းမရသေးဘူး။နောက်တစ်မျိုး"

"ကိုယ်မင်းရဲ့သက်ဆိုင်သူဖြစ်ခွင့်ရှိမလား...။
ဒါလည်းမဟုတ်သေးပါဘူး။အားးးးးခေါင်းတွေပါမူး
လာပြီ။ချစ်ခွင့်ပန်တာဘာလို့ဒီလောက်ခက်ခဲနေရတာလဲ။ဒါကြောင့်FAတွေများနေတာဖြစ်ရမယ်။
တော်ပြီကွာ။ကောင်လေးနဲ့တွေ့မှပဲ သူ့အလိုလိုအဆင်ပြေသွားလိမ့်မယ်"

ဒီလိုနဲ့ အချိန်တွေ တစ်ရွေ့ရွေ့ကုန်ဆုံးလာခဲ့ပေမယ့်
စောစောပြန်လာပါမယ်လို့ ​ပြောခဲ့တဲ့ ​ကောင်လေးကတော့ ​ရောက်မလာသေးဘူး။ ​ရှောင်းကျန့်ပြင်ဆင်ဖို့ကြာတဲ့အချိန်နဲ့ ​စောင့်နေတဲ့အချိန်ကို တွက်လိုက်ရင် အခုအချိန်လောက်ဆို ​ကောင်လေးပြန်ရောက်သင့်နေပြီလေ။ အရင်က ပြန်လာနေကျ အချိန်ကိုတောင် ​ကျော်သွားခဲ့ပေမယ့် ​ရောက်မလာသေးတာကြောင့် ​ရှောင်းကျန့်စိတ်ပူနေမိတယ်။ ဘာများဖြစ်လို့ပါလိမ့်
...တစ်ခုခု မကောင်းတာဖြစ်နေတာတော့ မဟုတ်ဘူးမလား။ ​လေးလံနေတဲ့စိတ်အစုံက ​ရှောင်းကျန့်ကို ပိုလို့ပူပန်စေတယ်။

"မဟုတ်သေးပါဘူး။ဒီအချိန်ဆိုပြန်ရောက်သင့်နေပြီ
လေ။ငါခန့်မှန်းတာမမှားရင် အခုအချိန်ဆိုနေတောင်
ဝင်နေလောက်ပြီ။ ​ကောင်လေးဘယ်များရောက်နေပါ
လိမ့်။စိတ်ပူအောင်မလုပ်ပါနဲ့ကွာ။ငါရူးတော့မှာပဲ"

ရုတ်တရက်ကြားလိုက်ရတဲ့ ဖုန်းမြည်သံကြောင့်
ဧည့်ခန်းထဲက အိမ်ဖုန်းရှိတဲ့နေရာကို ​လျှောက်သွား
ပြီး ဖုန်းကိုင်လိုက်တယ်။

"Hello"

"Hello ဝမ်ရိပေါ်တို့အိမ်ကပါလား"

"ဟုတ်ပါတယ်။ရိပေါ်ဘာဖြစ်လို့လဲဟင်"

"ကျွန်တော်က ဝမ်ရိပေါ်ရဲ့ လုပ်ဖော်ကိုင်ဖက်ပါ။
ဝမ်ရိပေါ်အလုပ်ကိစ္စနဲ့ ခရီးထွက်သွားလို့ သူ့အိမ်ကို
လှမ်းအကြောင်းကြားတာပါ။ အစီအစဉ်မရှိဘဲ
ရုတ်တရက်ဖြစ်သွားတာမို့ အိမ်ကိုပြောဖို့ အချိန်မရ
လိုက်လို့ ဆိုပြီးအကူအညီတောင်းလို့ပါဗျ။
သူကိုယ်တိုင်ဆက်ဖို့က..အဆင်မပြေတာလေး
တွေရှိနေလို့"

Imaginary You(Completed)Where stories live. Discover now