"ဘာလို့လဲ အစ်ကို"

"ကိစ္စလေးရှိလို့ပါ။ကောင်လေးအဆင်ပြေမှ.."

"ကောင်းပြီလေ။ကျွန်တော်စောစောပြန်လာခဲ့မယ်နော်"

"အင်း"

ရိပေါ်ထွက်သွားတော့ ​ရှောင်းကျန့်ုပင်ရဆင်ရတော့တယ်။ ပထမဆုံးအနေနဲ့ ကိတ်မုန့်လုပ်ဖို့ပြင်ရတယ်။
လိုအပ်တဲ့ပစ္စည်းတွေက ရှိပြီးသားဆိုတော့ သိပ်ခက်ခက်ခဲခဲ လုပ်စရာမလိုပါဘူး။ ​ချောကလက်ကြိုက်တဲ့
ကောင်လေးအတွက် ​ချောကလက်ကိတ်လေးဖုတ်ဖို့
ရွေးချယ်လိုက်တယ်။

အချိန်အတော်ကြာပြင်ဆင်အပြီးမှာ ကိတ်ကလည်း
အဆင်သင့်ဖြစ်သွားပြီ။ ပန်းစည်းအတွက်တော့
နေကြာပန်းကိုပဲ ​ရွေးချယ်မိတယ်။ ချစ်ခွင့်ပန်တာနဲ့
သက်ဆိုင်မလားတော့ မသိပေမယ့်နေကြာပန်းရဲ့
အဓိပ္ပါယ်က ​ပျော်ရွှင်မှုဆိုတဲ့အတွက်ကြောင့် သူကို
ပျော်ရွှင်မှုတွေ ယူဆောင်လာပေးတဲ့ ​ကောင်လေးကို
သူ့အချစ်တွေနဲ့ ပြန်ပြီးပျော်ရွှင်စေမယ်ဆိုတဲ့ ရည်ရွယ်
ချက်နဲ့ ​ရှောင်းကျန့် ဒီပန်းကို ​ရွေးချယ်မိခြင်း ဖြစ်တယ်။

နောက်ဆုံးအနေနဲ့ ပြင်ဆင်ဖို့ကျန်တာက ကိုယ့်ကိုယ်ကိုပဲ။ ကျိုးချန်လက်ဆောင်ဝယ်ပေးထားတဲ့ ဗီရို
အပေါ်ထပ်က ညာဘက်ထောင့်မှာ ချိတ်ထားပြီး
တစ်ခါမှ ထုတ်မဝတ်ရသေးသော အင်္ကျီအသစ်လေး
ကို အခုချိန်မှာ ထုတ်ဝတ်တာကို ကျိုးချန်သာသိရင်
မနာလိုဖြစ်ပြီး စူပုတ်နေတော့မှာပဲ။ အင်း...
မျက်နှာကတော့ ဘာမှပြင်စရာမလိုလောက်ဘူး
ထင်ပါရဲ့။ရှောင်းကျန့်ကလူချောလေးပဲဟာ။

အားလုံးပြင်ဆင်ပြီးတော့ ​ရှောင်းကျန့် ရိပေါ်ပြန်အလာ
ကို ထိုင်စောင့်နေလိုက်တယ်။ ​စောင့်နေရင်းနဲ့ ချစ်ခွင့်ပန်ဖို့ စကားလုံးလှလှလေး ရှာရပြန်တယ်။ ဒီအတိုင်းကြီး
မင်းကိုငါကြိုက်တယ်၊ ငါ့ကိုပြန်ကြိုက်ပါလို့ ​ပြောလို့တော့ ဘယ်ဖြစ်မလဲ။ ဒီလောက်တော့ရှောင်ကျန့်လည်း
နားလည်ပါတယ်။

"ကိုယ့်ကို မင်းရဲ့ချစ်သူဖြစ်ခွင့်ပေးပါ။ ကိုယ်ကောင်လေးကိုချစ်တယ်....။ မရသေးဘူး။သိပ်မကောင်းဘူး"

Imaginary You(Completed)Tahanan ng mga kuwento. Tumuklas ngayon