ဖိုကူရှိဖော

Start from the beginning
                                    

အလိုက်သိတဲ့သူက Jennieရဲ့ နှဖူးလေးကို ခပ်ဖွဖွနမ်းပြီး
သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ ဖက်ထားလေတော့၏။
Jennie....သူ့ခါးလေးကိုပြန်ဖက်လိုက်ပြီး...
အိပ်စက်ခြင်းဆီသို့....

.
.
.
.
.
.
.
တစ်ဖက်တွင်တော့.....

Chaeng...Lisa ရဲ့ လက်မောင်းကိုတွဲရင်း
အိမ်သို့ပြန်လာနေလိုက်သည်။

"စားလို့ကောင်းတယ်မလား "

"Aww...ဒါနဲ့ ငါ အဲ့ဒါကြိုက်တာ ဘယ်လိုသိတာလဲ"

"ဒီအတိုင်း....
ငါက နင့်ကို အမြဲကြည့်နေတဲ့သူမို့လို့..."

Chaeng....Lisa ရဲ့ ထိုစကားသံကြောင့်
အနည်းငယ်တိတ်ဆိတ်သွားပြီး ...
သူ့လက်မောင်းကိုတွဲထားတဲ့ မိမိရဲ့ လက်ချောင်းတွေကို
မသိမသာ လွှတ်ပြစ်လိုက်သည်။

"အိမ်နားရောက်တော့မှာပဲ ဒီလောက်ဆိုရပြီလေ
နင်လဲပြန်ရအုံးမှာမလား..."

"ရပါတယ် တိုက်အောက်ထိလိုက်ပို့ပေးမယ် "

Lisa ထိုကဲ့သို့ပြောရင်း Chaengရဲ့ လက်ချောင်းလေးတွေကို ပြန်ဆုပ်ကိုင်လိုက်သည်။

နှစ်ယောက်သား ဘာစကားမှမပြောဖြစ်ပဲ
ထပ်ပြီးတိတ်ဆိတ်နေမိသည်။

+ဘယ်အချိန်ထိ မသိချင်ယောင်ဆောင်ပြီး
ရှောင်နေအုန်းမှာလဲ Chaengရယ်....
ဒီလောက်ဆိုရင် သိသင့်နေပြီမဟုတ်လား....+

Lisa ... Chaeng...ရဲ့ လက်ချောင်းလေးတွေကို
အားနဲ့ ဖြစ်ညစ်လိုက်ပြီးနောက်
ခြေလှမ်းတွေကို ရပ်ကာ
သူမနဲ့ မျက်နှာချင်းဆိုင်လိုက်ပြီးနောက်...

"Chaeng....ငါပြောစရာရှိတယ်"

+ကိုယ်နဲ့သွေးမတော်သားမစပ်ပဲ...
နင့်အကြိုက်တွေအကုန်သိနေတာ...
အမြဲတမ်းနင့်ကို အလိုလိုက်ပေးနေခဲ့တာတွေက....
ငါနင့်ကို သဘောကျနေခဲ့လို့ပဲ....+

ထိုစကားတွေကို Lisa စိတ်ထဲကနေပြောနေခဲ့တာဖြစ်ပြီး
တစ်ကယ့်လက်တွေ့မှာတော့....

"Yrrr...ပြောစရာရှိတယ်ဆို....
ဘာကြောင်ကြည့်နေတာလဲ"

"Arrni....ထားလိုက်ပါတော့....
နောက်မှ...."

Lisa သူမကို ပြုံးပြလိုက်ပြီး...သူမလက်ကလေးကို
ဆုပ်ကိုင်ထားရင်း သူမနေထိုင်ရာတိုက်အောက်အထိ
ပြန်လိုက်ပို့ပေးလိုက်သည်။

GASHINA (Completed )Where stories live. Discover now