"ငါ့အနား မလာနဲ့...!"
ရွှယ့်ချောင်း စကားမှာ ဆုမော့ ငြိမ်သက်သွားရသည်။ သူ ထွန်းထားသော ဖယောင်းတိုင်မှ အလင်းရောင်က မှိန်ဖြသည်။ သို့သော်လည်း ရွှယ့်ချောင်း၏ အနာရွတ်များကို မြင်တွေ့နိုင်ဖို့ရာ လုံလောက်သည်။ ရွှယ့်ချောင်း၏ ဒဏ်ရာများက ခြေဖဝါးမှသည် ခြေသလုံးထက်တိုင် ရှည်လျားစွာ ဆန့်တန်း တည်ရှိနေသည်။ ဆုမော့ နှလုံးနာရ၏။ တစ်စုံတစ်ဦးက သူ့အသွေးအသားများကို လှီးထုတ်လိုက်သည့်ပမာ နာကျင်ရမိ၏။
ဒီလိုအနာတရမျိုး ဘယ်သို့ဘယ်ပုံ ဖြစ်လာတတ်သည်ကို သူ သိသည်။ ကျောက်ဆောင်ကျောက်ချွန်းတို့နှင့် တိုက်မိသဖြင့် ကြွက်သား အသားစိုင်တို့ ကွဲပြတ် ကြေမွရာမှာ ဖြစ်ပေါ်လာခြင်း။ စင်စစ်၊ ဤဒဏ်ရာများကို ရွှယ့်ချောင်း ရခဲ့သည့်အချိန်ကိုလည်း သူ သိလေသည်။
ဆုမော့ ခေါင်းငုံ့ထားလိုက်ပြီး လက်သီးကိုသာ တင်းတင်းဆုပ်ထားလိုက်တော့သည်။
အတော်အတန်ကြာ၊ ဉာဥ့်၏ ပိုးမွှားအင်းဆက်ကလေးများ အသံကို ကြားရလောက်အောင် ငြိမ်သက်တိတ်ဆိတ်သွားခါမှ ရွှယ့်ချောင်း စကားဆိုလာတော့သည်။
"သွား..."
ဆုမော့လည်း ထွက်သွားရန် လှည့်လိုက်သည်။ ခြေနှစ်လှမ်းမျှ လှမ်းအပြီးမှာတော့ တီးတိုး တောင်းပန်လိုက်မိလေသည်။
"ရွှယ့်ချောင်း၊ ကိုယ် တောင်းပန်ပါတယ်..."
"အခုချိန်မှာ ဒီစကားမျိုး ပြောထွက်နိုင်တာ အဖြစ်ပဲ မဟုတ်လား၊ ရွံစရာ ကောင်းလွန်းတယ် မထင်ဘူးလား..."
နောက်တစ်နေ့မနက် ရွှယ့်ချောင်း ခါတိုင်းလိုပဲ အိပ်ရာထသည်။ မနက်စာပြင်ပြီးနောက် ဆေးရွက်ခြောက်များ ယူကာ အပြင်ထွက်ရန် အသင့်ဖြစ်လေပြီ။
ဆုမော့ သူမအရှေ့ ငြိမ်သက်စွာရပ်နေရင်း ခပ်တိုးတိုးသာသာ မေးလိုက်မိ၏။ "မင်း ဘယ်သွားမလို့လဲ..."
YOU ARE READING
ဆောင်းခွာလေသည့် နှင်း
Novellerဆောင်း ခွာလေတဲ့ နှင်း Jiu Lu Fei Xiang ရဲ့ ဝတ္ထုတိုတစ်ပုဒ်... အဲ့သလိုပြောရင် သိလိုက်တော့ _________ ဆောင်း ခွာလေတဲ့ နှင်း Jiu Lu Fei Xiang ရဲ့ ဝတ္ထုတိုတစ်ပုဒ်... အဲ့သလိုပြောရင် သိလိုက်တော့