23/

8K 624 49
                                    

" ဘယ်လောက်တောင်လွမ်းနေခဲ့ရတဲ့ မနက်စာလဲ"

မနက်စောစောမနိုးတတ်သော လီဆာက
ဒီနေ့မနက်တော့အစောကြီးနိုးနေခဲ့သည်။

ဂျင်းနီပြင်ဆင်ပေးထားသော မနက်စာကို
စားရင်ပြောမိတဲ့စကားတွေထဲမှာ
မနက်စာကိုသာလွမ်းကြောင်းပါတာကြောင့်
သူမ၏မျက်စောင်းက သူ့ထံတည့်တည့်။

" မဟုတ်ဘူး မဟုတ်ဘူး Materလက်ရာကို
လွမ်းနေခဲ့တာလို့ "

" ညနေဘက်ညစာထွက်စားကြမလား "

ကော်ဖီတစ်ငုံသောက်ရင်း သူမကတည်တည်ငြိမ်ငြိမ်
မေးလာတော့ လီဆာခေါင်းသာညိမ့်မိသည်။

မနက်ဘက်ကျောင်းကိုသွားမည်။
ဂျင်းနီပါလိုက်ခဲ့ပေးမည်ထင်သည်။
ဒီနေ့ Mater အလုပ်သွားမည်မထင်။
ညဘက်သူ့ကိုညစာလိုက်ကျွေးဖို့တွေးထားပုံပဲ။

" အလုပ်ကမသွားဘူးလား "

" အင်း ယူဟာကိုလိုအပ်တာလေးတွေ
လုပ်ခိုင်းပြီးပြီလေ လီလီ "

နေ့လည်ဘက်လောက်ရောက်တော့
ဂျင်းနီအရေးကြီးတွေ့စရာရှိတယ်ဟုဆိုပြီး
ကုမ္ပဏီဘက်ထွက်သွားသည်။
လီဆာဘွဲ့ယူသည့်ကိစ္စကပြီးသွားလို့သာ။

လီဆာကိုဘာမှမပြောဘဲထွက်သွားခဲ့တာ။
ယူဟာက ဖုန်းဆက်ပြောပြမှ ဂျင်းနီ ကုမ္ပဏီမှာ
ရှိနေကြောင်းသိရသည်။

" Khun ဘာကိစ္စရှိလို့ပါလဲ "

လီဆာအိမ်ပြန်မလို့ပေမယ့် သူရဲ့ကားရှေ့ကို
Khun ရဲ့ကားကလာပိတ်ရပ်ကာတားဆီးသည်။
ကိုယ်ရံတော်တွေဖြစ်ပုံရသော လူကြီးလေးယောက်
လောက်ကလည်းလီဆာဘေးမှာလာရပ်သည်။

" ထိုင်းကိုပြန်လိုက်ခဲ့ပါ Manoban "

" ဟင့်အင်း လေးနှစ်လုံးပျောက်နေပြီးမှ
ဘာလို့လဲ "

လီဆာ ကားထဲအမြန်ဝင်ထိုင်လိုက်ပြီး
ကားကို နောက်ဆုတ်လိုက်ရသည်။
Khun ရဲ့ဝေးရာအရင်မောင်းဖို့လိုသည်။

ဒီအချိန်က ဒီလမ်းက ကားကြပ်နေတာက
သူ့အတွက်ကံကောင်းခဲ့ပုံရသည်။

သို့သော်...။

" Mater "

လီဆာ ဂျင်းနီဆီကိုဖုန်းခေါ်လိုက်သည်။
နောက်က အမှီလိုက်လာသော Khun ရဲ့
ကားနှစ်စီးလောက်ကိုမြင်နေရတော့
လီဆာစိုးရိမ်စိတ်တွေဝင်လာသည်။

Thanks Mater !Where stories live. Discover now