5/

9K 689 27
                                    

ဂျင်းနီတို့အိမ်လေးမှာဒီနေ့လူစုံတက်စုံဖြစ်နေသည်။
အကြောင်းရင်းက Oma Kim ရဲ့မွေးနေ့လေးဖြစ်သောကြောင့်။
မိသားစုဝင်တွေနဲ့သာပြုလုပ်ခြင်းဖြစ်​သောကြောင့်
လူတွေအရမ်းမများလှ။

လီဆာအောက်သို့မဆင်းဘဲသူ့အခန်းထဲတွင်သာနေသည်။
ချယ်ယောင်းရော ဦးလေးဟွန်ဆန်းရော ရောက်လာနေကြပြီ။
သူသဘောမကျဘူး။ သူရဲ့ Mater ကို ပတ်ဟွန်ဆန်းက
ကြည့်တာကိုလုံးဝမကြိုက်ဘူး။

သူ့အဖွားကလည်းအရေးမပါတာသိပ်လုပ်တာ။
မွေးနေ့ကိုဘာလို့ခေါ်လိုက်ရတာလဲဆိုတာတွေးမရခဲ့ဘူး။
ချယ်ယောင်းကတော့လာခေါ်ပါတယ်။
ခဏနေမှဆင်းလာမယ်ပြောပြီးအိပ်နေခဲ့သည်။

ဒါပေမယ့်အိပ်လို့မရ။
Mater ကိုစိတ်မချခြင်းတွေ။
အိပ်ယာပေါ်ကကုန်းရုန်းထပြီးအောက်ထပ်ပြေးဆင်းရသည်။

သူထင်ထားသည့်အတိုင်း ဧည့်ခန်းမှာ Mater နဲ့ ဟွန်ဆန်းက
ရယ်ကာမောကာစကားပြောဆိုနေကြသည်။
လီဆာ လှေကားအဆုံးမှာကိုယ်ရှိန်သပ်ပြီးဖြေးဖြေးမှန်မှန်
လျှောက်သွားပြီး သူ့Materဘေးကိုဝင်ထိုင်လိုက်သည်။

" အော ဆင်းလာပြီလား လီလီ "

" ဟုတ် Mater "

လီဆာ Mater ပခုံးလေးကိုမှီထားသော်ငြား
သူမကတော့ အလုပ်ကိစ္စတွေကိုသာ မနားတမ်းပြောနေသည်။
ပြောရရင် သူ့ကိုရှိနေတယ်လို့မထင်တာလား။

လီဆာ မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီးထပြီး kitchen ထဲဝင်သွား
သည်။ kitchen ထဲမှာအဒေါ်ကြီးကအစားအသောက်တွေ
ပြင်ဆင်နေသည်။ ပြီးတော့ ချယ်ယောင်း။

ချယ်ယောင်းကရေနွေးကျိုနေပုံရသည်။
ရေနွေးကရားလေးထဲဆူပြီးသားရေနွေးတွေထည့်ဖို့လုပ်နေတယ်။

" ချယ် "

လီဆာ လှမ်းခေါ်လိုက်တော့ ချယ်ယောင်းလှည့်ကြည့်လာတယ်။

"ငါ့ကိုပေး ငါလုပ်မယ် "

ချယ်ယောင်းလက်ထဲကရေနွေးကရားလေးကိုဆွဲယူလိုက်သည်။
တစ်ကယ်တော့ လီဆာ ဒီအလုပ်တွေလုပ်ဖူးတာမဟုတ်။
လျှပ်စစ်နဲ့ကျိုတာတောင်မလုပ်တတ်ပါ။
ဒါပေမယ့်... အဲ့နောက်မှာဘာမှမရှိဘူး။
အဓိက ကသူဒါတွေမလုပ်တတ်ဘူး။

Thanks Mater !Där berättelser lever. Upptäck nu