11/

8.5K 683 40
                                    

" မလွှတ်လိုက်နဲ့နော် unnie "

စက်ဘီးလက်ကိုင်ကိုတောင်သေချာမထိန်းနိုင်သေးဘဲနောက်ကနေလဲမကျအောင်ပြုလုပ်ပေးထားသော
unnie ကြောင့်သာလဲကျမသွားခြင်းဖြစ်သည်။

စိုးထိတ်နေခဲ့တာ unnie ကလွှတ်လိုက်မှာကိုပဲ။
တစ်ကယ်လည်း unine ကဆက်ကိုင်ထားခြင်း
မရှိတာကြောင့် စက်ဘီးလေးကအဆင်းအတိုင်း
ယိုင်နဲ့နဲ့မောင်းဆင်းသွားခဲ့သည်။

ကြောက်အားလန့်အားနဲ့အော်နေခဲ့သော ဂျင်းနီ။
ခပ်မြန်မြန်စီးတက်ချင်ရင်အနာခံရတယ် တဲ့လေ။
unnei ကလူဆိုးပဲ။

ကွန်ကရစ်ခင်းထားတဲ့အတိုင်းဆင်းသွားခဲ့တာ
သောင်ပြင်ဘက်ရောက်သွားခဲ့ပြီးလဲကျသွားသည်။

နာတယ်ရယ်မဟုတ်ပေမယ့် ဂျင်းနီမထဘဲနေလိုက်
မိတယ်။ လျင်မြန်စွာဘဲသူမအနားကိုရောက်လာ
ခဲ့သူက unnie မှလွဲ၍တစ်ခြားသူမရှိနိုင်။

"ဘယ်နားထိသွားသေးသွားလဲ nini "

စိုးရိမ်စိတ်အကုန်ကို unnie မျက်နှာပေါ်မှာ
မြင်နေရတာကြောင့် သူမကျေနပ်တယ်။
သူမကအဆိုးလေးပဲလေ။

" တစ်ကယ်ဆိုးတာပဲ unnie ရယ် "

" haha ခုစီးတက်သွားပြီမလား
မခက်ပါဘူးဆို niniကကြောက်နေခဲ့လို့သာ"

ညင်သာနူးညံ့တဲ့စကားပြောသံလေးကအစ
တည်ကြည်တဲ့မျက်နှာလေးအထိ
လှုပ်ခတ်သွားတဲ့နှုတ်ခမ်းပါးတွေအဆုံး
ထိုအမျိုးသမီးလေးရဲ့အရာအားလုံးကို
ဂျင်းနီမြတ်နိုးရပါသည်။

သူမကိုဆွဲထူနေတဲ့ unnie ရဲလည်ပင်းတွေကို
သိုင်းဖက်ထားလိုက်တော့ unnie ကအသာငြိမ်
သက်သွားတယ်။

" unnie "

" ဟွန် ပြောလေ "

" nini ကအထက်တန်းတစ်နှစ်ကျန်သေးတာ
unnie ကတော့ တက္ကသိုလ်တက်ရတော့မှာ "

" အဲ့တော့ "

ဂျင်းနီ unnieကိုဖက်တွယ်ထားမှုကိုဖယ်လိုက်ပြီး
ခါးလေးထောက်ကကြည့်နေတာကြောင့်
သူမနေတတ်ပါ ။ ဒါ အဆိုးလေးတို့ရဲ့ရစ်မှုရစ်နည်း။

" အဲ့တော့ unnie က nini ကိုမေ့သွားမှာလေ
unnie ကဒီလောက်ထိခန့်နေတော့ စိတ်မချဘူး"

Thanks Mater !Onde as histórias ganham vida. Descobre agora