//

4K 363 20
                                    


အချစ် မြတ်နိုးတန်ဖိုးထားမှု၊
လူတစ်ယောက်ကိုဘယ်လိုချစ်ရမယ်ဆိုတာ
သူမကသင်ပြပေးခဲ့သည်။
သူမကိုယ်တိုင်လည်းချစ်ပြခဲ့သည်။

ဘဝရဲ့အခက်အခဲဆိုတာဖြေရှင်းလိုက်နိုင်ရင်
ထိုအခက်အခဲကဟာသတစ်ပုဒ်သာဖြစ်သွားခဲ့သည်။

Jennie သည် Lisa ၏အချစ်တွေနဲ့
ထိုက်တန်သောအမျိုးသမီးဖြစ်ခဲ့သလို
Jennie ၏အချစ်တွေကလည်း
Lisa ဆိုသောကလေးငယ်နဲ့ထိုက်တန်ခဲ့ပါသည်။

" ဘဝဆိုတဲ့အဓိပ္ပါယ်လေးကို Mater
ဖြည့်ဆည်းပေးခဲ့တာ "

" အချစ်ဆိုတာ ပိုင်ဆိုင်ဖို့ထိုက်တန်တယ်ဆိုတာကိ​ု
လီလီက သိစေခဲ့တာ ကျေးဇူး လီလီ "

ရင်ခွင်ထဲကကြောင်ငယ်လေးကိုစနောက်ရယ်မော
နေပါသော Lisaကို Jennie ကြည့်နေမိသည်မှာ
အချိန်အတော်ကြာသွားခဲ့ပြီ။အလုပ်နားရက်ဟု
ဆိုကာ ကုမ္ပဏီမသွားဘဲ အိမ်မှာနေနေပါသော
Lisa က မနက်စာစားပြီးတာနဲ့ကြောင်တွေနဲ့သာ
အလုပ်ရှုပ်နေသည်။

ဧည့်ခန်းထောင့်မှာထိုင်နေတဲ့ Kuma ကလည်း
မျက်စိအတော်နောက်နေလောက်ပြီ။
ထပြီး ထမင်းစားခန်းထဲလျှောက်သွားသည်။

အခန်းဝမှာရပ်နေသော Jennie ရဲ့လက်ထဲမှာ
ဓားကိုင်ထားတာကိုကြည့်ခြင်းဖြင့်
Lisa ကို တစ်ခုခုလုပ်ချင်နေသည်မှာသေချာ၏။

ဒီနေ့ဘာနေ့လဲဆိုတာကိုမေ့လျော့နေသည့်အလား။

" ohh... Mater "

အချိန်အတော်ကြာမှာ ရပ်နေသော Jennieကို
မြင်ပြီးလန့်သွားလေတယ်။ ဟိုတစ်လောကမှ
လက်ဆောင်ရထားသောကြောင်ငယ်လေးကို
ခုတင်ပေါ်အသာချထားလိုက်ပြီး Mater ရှိရာဆီ
ကိုအမြန်လျှောက်သွားသည်။

" Omo... Mater ရယ် ဓားကို လီလီ့ကိုပေး
   တစ်ခုခုချက်ဦးမလို့လား "

Jennie လက်ထဲကဓားကိုလွှဲ​​​​ပြောင်းယူပြီး
အပြုံးတွေနဲ့စကားဆိုတဲ့ Lisa ကို
သူမက မျက်စောင်းထိုးကြည့်သည်။

တစ်ချက်တည်းပါပဲ...သို့သော်
ကလေးငယ်ရဲ့ အသက်က Mater ဆီရောက်သွား
ခဲ့သည်။

" ချစ်တယ် "

ဒီနေ့အတွက် Lisa ရဲ့ သူမသဘောထားပျော့ပြောင်း
စေနိုင်မယ့် စကားတစ်ခွန်း။ Jennie ထမင်းစားခန်း
ဘက်ကိုချာကနဲလှည့်ထွက်သွားသည်။

Thanks Mater !Where stories live. Discover now