14/

9.5K 715 45
                                    

' အူဝဲ ' ဆိုတဲ့ကလေးငယ်တစ်ယောက်ရဲ့
ငိုညည်းသံလေးက သာယာနာပျော်ဖွယ်
ကောင်းသည်။ သူ့ရင်ခွင်လေးထဲမှာအိပ်ပျော်
နေပါသောအနှီးထုတ်လေးထဲက ကလေးငယ်လေး
ကချစ်ဖို့သိပ်ကောင်းပါသည်။

သူသိပ်ချစ်ရတဲ့ ကောင်မလေးကိုထားခဲ့ရပြီး
မိဘသဘောတူထားတဲ့ထိုင်းလူမျိုးအမျိုးသား
တစ်ယောက်နဲ့လက်ထပ်ခဲ့ရသည်။

နာကျင်ဖွယ်ရက်စွဲနေတွေကိုနေ့စဥ်ဖြတ်သန်း
ခဲ့ရပေမယ့် သမီးလေးကိုယ်ဝန်ဆောင်ထားရချိန်
မှာတော့ သူမလေးကို ဂရုစိုက်ပေးကာ
အနားမှာနေပေးခဲ့သည်လေ။
စိတ်နာလား လို့တောင်မမေးရက်ခဲ့။

အိပ်ပျော်နေတဲ့ကလေးရဲ့လည်ပင်းက
မှဲ့လေးကိုသေချာမြင်နေရသည်။
တစ်ချက်လူးလွန့်လာသောကလေးလေး။
ထွက်ပေါ်လာသောငိုသံကအဆက်မပြတ်။

အသက်ရှုရကြပ်နေပုံပေါ်တဲ့ကလေးငယ်ကို
ဆရာဝန်တွေ​က အထူးကြပ်မတ်ဆောင်ကို
ခေါ်သွားခဲ့ကြသည်။

သူအစားမှားလို့တဲ့။
နို့တိုက်မိခင်ကအစားအသောက်ဆင်ခြင်ရတာ
ကိုသိထားသည်။တတ်နိုင်သလောက်မတည့်တာ
တွေရှောင်ကြဥ်ခဲ့ပါတယ်။ဘယ်လိုဖြစ်နိုင်မှာလဲ။

တစ်ရက်
နှစ်ရက်
သုံးရက်

ကိုးရက်တိတိကြာသွားခဲ့သည်။
ကလေးကသူမဘေးကိုပြန်ရောက်လာခြင်းမရှိ။

သူ့ဆီကို နွမ်းလျတဲ့မျက်နှာလေးနဲ့
သူမလေးကရောက်လာပြီးကလေးလေး
တစ်ခြားကမ္ဘာရောက်သွားကြောင်းလာပြောပြီး
ငိုနေခဲ့သည်။ ဘာမှစဥ်းစားနိုင်စွမ်းတွေမရှိ။
သူ ငိုကြွေးရင်းပြိုလဲခဲ့ရသည်။

သူမလေးက ဟန်းဂုကိုပြန်ရတော့မယ်တဲ့
ကျောင်းဆက်တက်ရမှာမို့ သူ့ကိုကျန်းမာရေး
ဂရုစိုက်ဖို့ပြောသွားခဲ့သည်။

အရာရာပုံမှန်။
သူရဲ့ကလေးမရှိတော့တာကလွဲရင်။

ထိုနေ့ ညနေ လေဆိပ်တစ်နေရာမှာတော့...။

လီဆာရဲ့လက်ကောက်ဝတ်ကိုဆွဲကိုင်ပြီး
ကုမ္ပဏီရဲ့ထိပ်ဆုံးထပ်ထိတက်လာခဲ့သည်။

မွန်းကြပ်ပူလောင်နေတဲ့ သူမစိတ်တွေ။
unnie နဲ့ကလေးနဲ့ကိုမတွေ့စေချင်တဲ့စိတ်တွေ။
အရောရောအနှောနှောဖြစ်နေတဲ့အတွေး။

Thanks Mater !Where stories live. Discover now