15/

9.2K 695 69
                                    

' Mater အခန်းထဲကိုလာခဲ့လို့ရလား '

ညနေအိမ်ပြန်ရောက်လာတည်းက ဂျင်းနီ
အခန်းပြင်ထွက်မလာခဲ့ပါ။
ညစာကိုတောင် ဆင်းပြီးမစားခဲ့ပါ။

သူမလည်းသူမအတွေးနဲ့ ဒီအခြေအနေကို
မှားလားမှန်လားထက်ပိုပြီး ဘယ်လိုရှေ့ဆက်ရမလဲ
ဆိုတာကိုသာတွေးမိနေတယ်။

ကလေးရဲ့အနာဂတ်ကိုတွေးမိလိုက်ရင်
ရင်တစ်ခုလုံးကိုဆုပ်ကိုင်ခံရသလိုခံစားလာရသည်။
သို့သော်လည်း ကလေးကိုတစ်သက်လုံးစာ
ပိုင်ဆိုင်ချင်သည်။

ထိုသို့ ထိုသို့ တွေးနေစဥ် သူမဖုန်းထဲကို
message တစ်စောင်ဝင်လာခဲ့သည်။

Baby ပို့လိုက်တာ။
နည်းနည်းတော့ပြုံးလိုက်မိသည်။
အရင်ကချောင်းပေါက်မတက်သူမအခန်းကို
စိတ်ကြိုက်လာတတ်သော လီလီက
လာခဲ့ရမလားတဲ့။

!ဆေးများမှားစားထားတာလား ဒီကလေး!

စိတ်ထဲကမှတ်ချက်ပြုရင်းနဲ့စာတစ်စောင်
ပြန်ပို့လိုက်သည်။

' အိပ်တော့မှာ မလာနဲ့တော့ '

ဒီလိုပို့လိုက်လို့ သူနှုတ်ခမ်းပဲဆူနေမလား
ရပ်နေရင်ခြေပဲစောင့်နေမလား မပြောတတ်။

ချက်ချင်း ငိုနေတဲ့ sticker လေးပြန်ပို့တယ်။
သူမဘဝမှာ အပြန်အလှန် message ပို့ဖြစ်တယ်
ဆိုတာ ဒါကပထမဆုံးပါပဲ။
ပြောစရာရှိရင်ဖုန်းဆက်ပြီးပြောတယ်။

ဒီလောက်ထိအခန်းချင်းကပ်လျက်ကိုလေ
စာလေးတစ်ယောက်ပြန်ရဖို့စောင့်ရတဲ့
စက္ကန့် 30 စာကအလွန်ရင်ခုန်ရပြန်သည်။

ချစ်ရသူကအသက်ငယ်နေတော့လည်း
လုပ်တတ်ပုံတွေက ကလေးတွေလိုပေမယ့်
သူမအသက်အရွယ်နဲ့ဆိုအတော်ရယ်ဖို့
ကောင်းနေမလား။ ဒါပေမယ့် ချစ်တယ်လေ။

' အပြင်မှာမိုးတွေခြိမ်းနေတာ baby ကြောက်တယ်"

ငိုနေတဲ့ emoji လေးနဲ့။
ဘယ်နှယ့် ဆောင်းရောက်နေပြီကို
မိုးကဘယ်ကခြိမ်းရမှာလဲလေ။

တစ်ကယ်ဆို မိုးခြိမ်းတာကိုကြောက်တာ
သူမပါနော်။ကလေးကဘာမှမကြောက်တတ်ဘူး။
အဲ သူမကိုတော့ကြောက်ပါသည်။

Thanks Mater !Where stories live. Discover now