"ငါ့ကိုသိမ်းပိုက်ပါ......ရိပေါ်......"

ယောက်ျားတစ်ယောက်ကအခြားယောက်ျားတစ်ယောက်ကို သိမ်းပိုက်ဖို့ပြောတယ်ဆိုတာရှက်ဖို့ကောင်းလွန်းလှပါသည်။ဒါပေမယ့် တခြားယောက်ျားကရိပေါ်သာဆိုရင် သူ့ဘဝကိုသိမ်းပိုက်ရုံမကလို့ အသက်ကိုပါသိမ်းပိုက်မယ်ဆိုရင်လည်း ရှောင်းကျန့်ကျေကျေနပ်နပ်အသိမ်းပိုက်ခံရဲပါသည်။ဘာလို့ဆိုရိပေါ်အတွက်ရှောင်းကျန့်လုပ်ပေးနိုင်တာဒီအရာသာရှိသည်။

"ကြင်ယာတော်ရှောင်း....."

ရိပေါ်ရဲ့အခေါ်အဝေါ်ကြောင့်ရှောင်းကျန့်ရဲ့မျက်ခုံးတန်းလေးတွေကအလိုမကျမှုကြောင့်တွန့်ချိုးသွားရသည်။ရိပေါ်ရဲ့လည်ပင်းကိုသိုင်းဖက်ထားတဲ့ရှောင်းကျန့်ရဲ့လက်လေးတွေကိုရိပေါ်ကဆွဲဖြုတ်လိုက်သည်။ပြီးတော့ရှောင်းကျန့်အနားကနေ ခြေသုံးလှမ်းအနောက်သို့ဆုတ်ကာဆက်ပြောသည်။

"အိမ်ရှေ့စံတစ်ပါးရဲ့ကြင်ယာတော်နဲ့ကိုယ်ရံတော်နီးနီးကပ်ကပ်နေခွင့်မရှိပါဘူး.....ကြင်ယာတော်......အနေအထိုင်ဆင်ခြင်ပါ။တခြားလူတွေပြောစရာဖြစ်ပါလိမ့်မယ်"

ရိပေါ်ပြောလိုက်တဲ့စကားကြောင့်ရှောင်းကျန့်နာကျင်စွာပြုံးလိုက်မိသည်။သူ့ရဲ့ယောက်ျားမာနတွေအကုန်လုံးကိုခဝါချပြီးဒီစကားကိုပြောခဲ့တာ။အခုတော့ရိပေါ်ကအိမ်ရှေ့စံရဲ့ကြင်ယာတော်ဆိုတဲ့စကားလုံးတစ်ခုနဲ့ သူတို့နှစ်ယောက်ကြားကိုစည်းချလိုက်သည်။

"အခုမင်းမျက်လုံးထဲမှာငါ့ကိုလက်ထပ်မယ့်သူရှိသားနဲ့ တခြားယောက်ျားတစ်ယောက်ကိုသိမ်းပိုက်ခိုင်းတဲ့ဖောက်ပြားတတ်တဲ့သူတစ်ယောက်လို့မြင်နေတာလား..."

သူ့နတ်သားလေးရဲ့စကားကြောင့်ရိပေါ်ခေါင်းငုံ့ထားရာကနေသူ့နတ်သားလေးရဲ့မျက်နှာလေးကိုမော့ကြည့်လိုက်သည်။သူ့နတ်သားလေးရဲ့နှုတ်ခမ်းရဲရဲလေးမှာနာကျင်စွာပြုံးလို့နေသည်။မျက်လုံးဝိုင်းဝိုင်းလေးမှာလည်း မျက်ရည်‌ဥလေးများကတွဲခိုလို့နေသည်။သူ့နတ်သားလေးရဲ့ထိုပုံစံကိုမြင်လိုက်ချိန်မှာ ရိပေါ်ရဲ့အသည်းတွေကွဲမတတ်နာကျင်ရပါသည်။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now