____________________________

"အိုး......ဘယ်သူများလည်းမှတ်တယ်။အိမ်ရှေ့စံမင်းသားရဲ့ကြင်ယာတော်လေးပဲ"

ရှောင်းကျန့်ကိုမင်းကြီးကတွေ့ချင်တယ်ဆိုတာကြောင့် မင်းကြီးရဲ့နန်းဆောင်ကိုသွားနေတုန်းမှာပဲလွီမေအော်နဲ့တွေ့ခြင်းဖြစ်သည်။စကားအချေအတင်မဖြစ်ချင်တာကြောင့်ရှောင်သွားဖို့ပြင်သော်လည်း လွီမေအော်ကခွင့်မပြုပေ။ရှောင်းကျန့်ရဲ့ရှေ့ကနေပိတ်ရပ်ကာရှောင်းကျန့်မခံချင်အောင်ပြောတော့သည်။

"အိုး......ကျွန်မကိုမသိချင်ယောင်ဆောင်တယ်ပေါ့။အိမ်ရှေ့စံရဲ့ကြင်ယာတော်နေရာကိုရသွားတာနဲ့မာန်တက်သွားတာလား။ဒါပေမယ့်အဲ့နေရာကိုကြာကြာမနေလိုက်ရမှာ ကြင်ယာတော်ရှောင်းအတွက်ကျွန်မစိုးရိမ်လိုက်တာရှင်"

လွီမေအော်ကရှောင်းကျန့်ကိုဒေါသထွက်အောင်တမင်ပြောခြင်းဖြစ်သော်လည်း ရှောင်းကျန့်ကဒေါသမထွက်တဲ့အပြင်တည်ငြိမ်အေးချမ်းစွာပြန်ဖြေသည်။

"ကျွန်တော်ကဉာဏ်မကောင်းတဲ့အတွက်လွီမိန်းကလေးပြောချင်တဲ့သဘောကိုနားမလည်ပါဘူး"

"ဟွန့်....နားမလည်ချင်ယောင်ဆောင်မနေပါနဲ့။ရှင်နားလည်မှန်းကျွန်မသိတယ်။ဒါပေမယ့်ရှင်ကနားမလည်ဘူးလို့ပြောနေမှတော့ နားလည်အောင်ကျွန်မကပဲရှင်းပြမယ်လေ"

"လွီမိန်းကလေးရှင်းပြတာကိုပဲနားထောင်ရတော့မှာပဲ"

ရှောင်းကျန့်ရဲ့စကားကိုကြားတော့လွီမေအော်ကနှုတ်ခမ်းကိုတစ်ချက်မဲ့လိုက်သည်။

"အိမ်ရှေ့စံရဲ့ကြင်ယာတော်ဖြစ်သွားတာနဲ့ပဲမာန်တက်မနေပါနဲ့...."

"ကျွန်တော်အခုကိုယ့်လမ်းကိုသွားနေတာကမာန်တက်တဲ့အပြုအမူလား။ဒါဆိုတစ်ကမ္ဘာလုံးကလူတွေအကုန်မာန်တက်နေကြတာပဲ။ကျွန်တော်အရင်ကနားမလည်ခဲ့ဘူး။မိန်းကလေးလွီပြောမှပဲနားလည်သွားတော့တယ်..."

"နင်....ယောက်ျားလေးဖြစ်ပြီးစကားကိုလိုက်ကပ်ပြီးပြောမနေနဲ့.."

"ရော်.....ကျွန်တော်ခင်ဗျားအနားကိုကပ်မပြောပါဘူးဗျာ..."

စကားကိုကပ်သီးကပ်ဖဲ့လိုက်ပြောနေတဲ့ရှောင်းကျန့်ကြောင့် လွီမေအော်ဒေါသထွက်လာရသည်။ဒေါသထွက်မှုကြောင့်သူမမျက်နှာကအကျည်းတန်နေပြီဖြစ်သည်။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now